Summer Kites

နွေဦးကဗျာ - အောင်ခင်မြင့်

2 min · 21. huhti 2022
jakson နွေဦးကဗျာ - အောင်ခင်မြင့် kansikuva

Kuvaus

Collab series "X" ရဲ့ track no. 12 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နွေဦးကဗျာ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ မုရန်လင်း(Myrrhlynn) ဖြစ်ပါတယ်။ Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ် -------- နွေဦးကဗျာ (အောင်ခင်မြင့်) နွေဦးကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ ပျံလွှားတွေ ဖြစ်သွားတယ် ပျံလွှားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ ကြွေးကြော်သံတွေ ဖြစ်သွားတယ် ကြွေးကြော်သံတွေကို တိတ်ဆိတ်ခိုင်းတော့ ရှုခင်းတွေ ဖြစ်သွားတယ် ရှုခင်းတွေကို ဖုံးအုပ်ဖျောက်ဖျက်တဲ့အခါ မျက်လုံးတွေ ဖြစ်လာတယ် မျက်လုံးတွေကို အတင်းမှိတ်ခိုင်းတဲ့အခါ အိပ်မက်တွေ ဖြစ်လာတယ် ငါတို့ကို မအိပ်ခိုင်းတော့ အိပ်မက်တွေဟာ လမ်းပြမြေပုံတွေ ဖြစ်လာတယ် ငါတို့မြေပုံတွေကို ဖျက်ဆီးပစ်တဲ့အခါ မှတ်ဉာဏ် ဖြစ်လာတယ် မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်တဲ့အခါ လမ်းတွေ ဖြစ်လာတယ် လမ်းတွေကို ပိတ်ဆို့တားဆီးပစ်ပြန်တော့ ခြေထောက်အပိုတွေ ဖြစ်လာတယ် ခြေထောက်တွေကို ရိုက်ချိုးပစ်တဲ့အခါ အတောင်ပံတွေ ဖြစ်လာတယ် တောင်ပံတွေကို ညှပ်ပစ်တဲ့အခါ လေပြေလေညင်း ဖြစ်လာတယ် လေပြေကို ဖမ်းဆီးချုပ်နှောင်လိုက်တော့ မုန်တိုင်း ဖြစ်သွားတယ် မုန်တိုင်းကို အကျဉ်းချလိုက်တဲ့အခါ မုန်တိုင်းရဲ့သားတော်တွေ မွေးဖွားလာတယ် အဲဒီမုန်တိုင်းရဲ့သားတော်တွေဆိုတာ ငါတို့ရဲ့ ဝင်သက်ထွက်သက်လေပဲ ငါတို့ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်း ဝင်လိုက်ထွက်လိုက် ပျံလွှားငှက်တွေပဲ - အောင်ခင်မြင့်

Kommentit

0

Ole ensimmäinen kommentoija

Rekisteröidy nyt ja liity Summer Kites-yhteisöön!

Aloita maksutta

14 vrk ilmainen kokeilu

Kokeilun jälkeen 7,99 € / kuukausi. · Peru milloin tahansa.

  • Podimon podcastit
  • 20 kuunteluaikaa / kuukausi
  • Lataa offline-käyttöön

Kaikki jaksot

25 jaksot

jakson ဂျပုရဲ့မိန့်ခွန်း - မောင်ဖီလာ kansikuva

ဂျပုရဲ့မိန့်ခွန်း - မောင်ဖီလာ

Collab series "X" ရဲ့ track no. 13 ပါ။ ဆရာမောင်ဖီလာရဲ့ ဂျပုရဲ့မိန့်ခွန်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Hein Tay Za ဖြစ်ပါတယ်။ Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ် ----- ဂျပုရဲ့မိန့်ခွန်း (မောင်ဖီလာ) သူ မိန့်ခွန်းပြောနေတယ် . . .။ ခွေးပါးစပ်ထဲ ဝါးလုံးခြောက်ထိုးထည့်ပြီး ခလောက်နေသလို သူ မိန့်ခွန်းပြောနေတယ် . . .။ မီးလောင်သလို အခန်းထဲပတ်ပြေးနေတဲ့ နှိုးစက်သံအတိုင်း သူ မိန့်ခွန်းပြောနေတယ် . . .။ သူ့မိန့်ခွန်းပြောသံကို ငါ ဆောင့်နင်းချလိုက်တယ် . . .။ သူ့မိန့်ခွန်းပြောသံဟာ ချာလပတ်လည်ထွက်သွားပြီး နိုင်ငံတော်အလံရှေ့မှာ မှောက်လျက်လဲသွားတယ်. . .။ မိန့်ခွန်းပြောသံဟာ နိုင်ငံတော်အလံကို မော့ကြည့်တယ် . . .။ ဒီအလံတော်ကို သူ မကြည်ညိုခဲ့ဘူး သူတို့ကိုယ်တိုင်အသွင်ပြောင်းထားတဲ့ ဒီစပ်ဖြဲဖြဲအလံကို သူ မလေးစားဘူး။ မိန့်ခွန်းပြောသံဟာ ကယိမ်းကယိုင် မတ်တတ်ထရပ်တယ် တဆတ်ဆတ်တုန်ယင်နေတဲ့ ဒူးဆစ်တွေနဲ့ မတ်တတ်ထရပ်တယ် . . .။ မိန့်ခွန်းပြောသံဟာ ဘေးဘီဝဲယာကို စောင်းကြည့်တယ် . . .။ နယ်ဆင်မင်ဒဲလားရဲ့ မိန့်ခွန်းပြောသံ ချေဂွေဗားရားရဲ့ မိန့်ခွန်းပြောသံ အေဗရာဟင်လင်ကွန်းရဲ့ မိန့်ခွန်းပြောသံ ဖီဒယ်ကက်စထရိုရဲ့ မိန့်ခွန်းပြောသံ မဟတ္တမဂန္ဒီရဲ့ မိန့်ခွန်းပြောသံ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပြောသံ အဲ့ဒီအသံတွေဟာ သူ့ရှေ့မှာ မားမားမတ်မတ်ရပ်နေကြတယ် . . .။ ဂျပုရဲ့ မိန့်ခွန်းပြောသံဟာ အဲဒီမိန့်ခွန်းတွေကို သိမ်ငယ်တဲ့မျက်လုံးတွေနဲ့ ငေးကြည့်နေတယ်။ မိန့်ခွန်းပြောသံထဲ သပိတ်တပ်တွေ ချီတက်ပြီး ဝင်သွားတယ်။ မိန့်ခွန်းပြောသံက သံဆူးကြိုးခွေတွေ ထွေးထုတ်လိုက်တယ်။ ပေါက်ပြဲ ရိကျနေတဲ့ မိန့်ခွန်းပြောသံ ကျည်ဆံပူပူတွေကို ငုံထားတဲ့ မိန့်ခွန်းပြောသံ မိန့်ခွန်းပြောသံထဲက သံချပ်ကာကားကြီးတွေ လွင့်ထွက်လာတယ်။ အမေရိကန် သူကြွယ်မလေး ကီကီဟာ သူ့ကလေးတွေကို အိပ်ရာဝင်ပုံပြင်ပြောပြနေချိန်မှာ ကွန်ဒိုလီဇာရိုက်ဟာ တစ်ကမ႓ာလုံးကို မိန့်ခွန်းပြောနေခဲ့တယ်။ ငါတို့ဆီက ဂျပုကလည်း ငါတို့နိုင်ငံကို မိန့်ခွန်းပြောနေခဲ့တယ်။ သူ မိန့်ခွန်းပြောနေချိန်မှာ အထည်ချုပ်စက်ရုံက အလုပ်သမကလေးရီရီဟာ မှောင်ရိပ်က လမ်းကြားထဲမှာ သူ့ခန္ဓာအတွက် စျေးစကားပြောနေရတယ်။ မိန့်ခွန်းပြောသံဟာ ငါတို့ပခုံးပေါ် တက်ရပ်နေတယ်။ ဒီမိန့်ခွန်းဟာ ငါတို့အတွက်ဝန်ထုပ်ဝန်ပိုးပဲ။ ဒီမိန့်ခွန်းဟာ ငါတို့အတွက် ထမင်းသိုး ဟင်းသိုးတွေပဲ အဲဒီမိန့်ခွန်းပြောသံဟာ ဆယ့်နှစ်နာရီထိုးဖို့ တစ်လက်မအလိုမှာ ရေအိမ်ကြွေခွက်ထဲ မစင်တစ်တုံးကို ညှစ်ချလိုက်တဲ့အတိုင်း ဂျပုရဲ့ လည်ချောင်းထဲ ခွေးဝဲစားတစ်ကောင်လို အမြှီးနှံ့ပြီး ပြေးဝင်သွားခဲ့တယ် ...။ မောင်ဖီလာ

9. touko 20223 min
jakson နွေဦးကဗျာ - အောင်ခင်မြင့် kansikuva

နွေဦးကဗျာ - အောင်ခင်မြင့်

Collab series "X" ရဲ့ track no. 12 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နွေဦးကဗျာ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ မုရန်လင်း(Myrrhlynn) ဖြစ်ပါတယ်။ Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ် -------- နွေဦးကဗျာ (အောင်ခင်မြင့်) နွေဦးကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ ပျံလွှားတွေ ဖြစ်သွားတယ် ပျံလွှားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ ကြွေးကြော်သံတွေ ဖြစ်သွားတယ် ကြွေးကြော်သံတွေကို တိတ်ဆိတ်ခိုင်းတော့ ရှုခင်းတွေ ဖြစ်သွားတယ် ရှုခင်းတွေကို ဖုံးအုပ်ဖျောက်ဖျက်တဲ့အခါ မျက်လုံးတွေ ဖြစ်လာတယ် မျက်လုံးတွေကို အတင်းမှိတ်ခိုင်းတဲ့အခါ အိပ်မက်တွေ ဖြစ်လာတယ် ငါတို့ကို မအိပ်ခိုင်းတော့ အိပ်မက်တွေဟာ လမ်းပြမြေပုံတွေ ဖြစ်လာတယ် ငါတို့မြေပုံတွေကို ဖျက်ဆီးပစ်တဲ့အခါ မှတ်ဉာဏ် ဖြစ်လာတယ် မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်တဲ့အခါ လမ်းတွေ ဖြစ်လာတယ် လမ်းတွေကို ပိတ်ဆို့တားဆီးပစ်ပြန်တော့ ခြေထောက်အပိုတွေ ဖြစ်လာတယ် ခြေထောက်တွေကို ရိုက်ချိုးပစ်တဲ့အခါ အတောင်ပံတွေ ဖြစ်လာတယ် တောင်ပံတွေကို ညှပ်ပစ်တဲ့အခါ လေပြေလေညင်း ဖြစ်လာတယ် လေပြေကို ဖမ်းဆီးချုပ်နှောင်လိုက်တော့ မုန်တိုင်း ဖြစ်သွားတယ် မုန်တိုင်းကို အကျဉ်းချလိုက်တဲ့အခါ မုန်တိုင်းရဲ့သားတော်တွေ မွေးဖွားလာတယ် အဲဒီမုန်တိုင်းရဲ့သားတော်တွေဆိုတာ ငါတို့ရဲ့ ဝင်သက်ထွက်သက်လေပဲ ငါတို့ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်း ဝင်လိုက်ထွက်လိုက် ပျံလွှားငှက်တွေပဲ - အောင်ခင်မြင့်

21. huhti 20222 min
jakson ဘိုနီပျော်လား - ဘုန်းမောင်(မန္တလေး) kansikuva

ဘိုနီပျော်လား - ဘုန်းမောင်(မန္တလေး)

ဘိုနီပျော်လား _____________________ ကမ္ဘာက ဆစ်ချပြီးပြီ ကမ္ဘာကြီး စစ် ကျ တော့မယ် ဘိုနီ မင်း ပျော်လား (အရည်ပျော်ကျနေတဲ့ အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ) " မောင့်လပြည့်ဝန်း " ကိုလည်း ငါ ရတယ် " ဝေးများဝေးရင် " ကိုလည်း ငါ ရတယ် လမ်းဘေးအုတ်ခုံပေါ်က လွမ်းစရာ ညတွေကို ငါတို့ ပြန်မရတော့ဘူး ငါတို့က ဖီလင်ကို ကျစိမ့်ထဲထည့်ပြီးမှ စီးကလက်ကို မီးညှိတယ် တချို့က စီးကလက်ကို ဖွာရှိုက်ပြီးမှ ငါတို့ ဘဝတွေကို မီးညှိပစ်တယ် မင်း အခု လက်ဖက်ရည်ဆိုင်ထဲမှာ ပျော်စရာကောင်းလား ဘိုနီ (အရည်ပျော်ကျနေတဲ့ အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ) လက်နှိပ်စက်ထဲက စာရွက်ကလေး တစ်စောင်နဲ့ တီဗီဖန်သားပြင်ပေါ်က ရယ်စရာအတုတွေကို ကြည့်ရတာ မင်း ပျော်လား ဘို‌နီ မြေကြီးပေါ်ကို အနာဂတ်လို့ ချရေးလိုက်ပါ နောက်ဆို ငါတို့ ပျော်ရမှာ။ ။ ဘုန်းမောင် (မန္တလေး) ၂၈ ၊ ၂ ၊ ၂၀၂၂

16. maalis 20221 min
jakson နိုင်ငံတော်သီချင်း - ၅ (အောင်ခင်မြင့်) kansikuva

နိုင်ငံတော်သီချင်း - ၅ (အောင်ခင်မြင့်)

Collab series "X" ရဲ့ track no. 11 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နိုင်ငံတော်သီးချင်း - ၅ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Seint Luu ဖြစ်ပါတယ်။ Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။ ——— နိုင်ငံတော်သီချင်း-၅ ဖုံးထားတဲ့အဝတ်ဖြူ ကိုဖယ်လိုက်တော့ ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ နိုင်ငံတော် ကျီးပြိုတယ် လျှပ်စီးတွေလက်တယ် လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ် သွေးသားဆန္ဒမရှိတော့တဲ့ ဌက်လှောင်အိမ်ထဲကလူတွေ ရှင်ခြင်းရဲ့အမှတ်တရ လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ မေတ္တာသုတ်ရွတ်နေတဲ့ ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး တိမ်တွေက နေမင်းကြီးပုန်းနေတဲ့နေရာကို ဖွင့်ပြောပြလိုက်တယ် နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ အသက်ရှိနေသလိုပူနွေးနေဆဲ သင်၏ တမလွန်ဘဝကနိုင်ငံတော်။ အောင်ခင်မြင့်

8. maalis 20221 min
jakson အလှဆုံးခေတ် - ကြည်ဇော်အေး kansikuva

အလှဆုံးခေတ် - ကြည်ဇော်အေး

အလှဆုံးခေတ် အကျဉ်းကျနေတဲ့နေရောင်အောက်မှာ အသက်ရှူရတာကအစ မလွတ်လပ် လေဟာ မောပမ်း မြေဟာ နွမ်းနယ် ဝေးကွာခြင်းဟာ မီးရထားသံလမ်းများကို အရည်ပျော်ကျသွားစေတယ် စစ်ကြီးပြီးရင် ခန်းစီးအသစ်တွေလဲကြမယ် ပျော်စရာကောင်းတဲ့ ဖျော်ရည်တွေသောက်ကြမယ် ဘုရားစင်ပေါ်မှာ အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် တောင်းရမယ့်ဆုက ချစ်သူများသာ အဓွန့်ရှည်ပါစေ။ ကြည်ဇော်အေး

13. helmi 20221 min