Summer Kites
ဘိုနီပျော်လား _____________________ ကမ္ဘာက ဆစ်ချပြီးပြီ ကမ္ဘာကြီး စစ် ကျ တော့မယ် ဘိုနီ မင်း ပျော်လား (အရည်ပျော်ကျနေတဲ့ အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ) " မောင့်လပြည့်ဝန်း " ကိုလည်း ငါ ရတယ် " ဝေးများဝေးရင် " ကိုလည်း ငါ ရတယ် လမ်းဘေးအုတ်ခုံပေါ်က လွမ်းစရာ ညတွေကို ငါတို့ ပြန်မရတော့ဘူး ငါတို့က ဖီလင်ကို ကျစိမ့်ထဲထည့်ပြီးမှ စီးကလက်ကို မီးညှိတယ် တချို့က စီးကလက်ကို ဖွာရှိုက်ပြီးမှ ငါတို့ ဘဝတွေကို မီးညှိပစ်တယ် မင်း အခု လက်ဖက်ရည်ဆိုင်ထဲမှာ ပျော်စရာကောင်းလား ဘိုနီ (အရည်ပျော်ကျနေတဲ့ အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ) လက်နှိပ်စက်ထဲက စာရွက်ကလေး တစ်စောင်နဲ့ တီဗီဖန်သားပြင်ပေါ်က ရယ်စရာအတုတွေကို ကြည့်ရတာ မင်း ပျော်လား ဘိုနီ မြေကြီးပေါ်ကို အနာဂတ်လို့ ချရေးလိုက်ပါ နောက်ဆို ငါတို့ ပျော်ရမှာ။ ။ ဘုန်းမောင် (မန္တလေး) ၂၈ ၊ ၂ ၊ ၂၀၂၂
25 episodios
Comentarios
0Sé la primera persona en comentar
¡Regístrate ahora y únete a la comunidad de Summer Kites!