The Healing Path_Myanmar
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ "အသက်ရှုသွင်းတယ်၊ ငါပြုံးနေတယ်" ဆိုပြီး ကျင့်ခိုင်းတော့ ကျနော့်ကို လူအများက မေးခွန်းထုတ်ကြတယ်။ "ရင်ထဲမှာ အပျော်မရှိဘဲနဲ့ ဘယ်လို ပြုံးလို့ရမလဲ" တဲ့။ အပြုံးကို လေ့ကျင့်ခန်းလို လုပ်ပါ လို့ပဲ ဖြေရမှာပဲ။ ကျနော်တို့ မျက်နှာမှာ ကြွက်သားပေါင်း သုံးရာကျော် ရှိတယ်။ စိတ်ဆိုးတဲ့အခါ၊ ကြောက်တဲ့အခါတွေမှာ အဲဒီကြွက်သားတွေက တင်းနေတယ်။ အဲဒီ တင်းမာမှုက လူကိုလည်း တင်းမာစေတယ်။ ပြုံးလိုက်တဲ့အခါ အဲဒီတင်းမာမှုတွေဟာ လျော့ကျ ပြေပျောက် သွားတယ်။ ဒါကြောင့် ဒီအသက်ရှုရင်း ပြုံးတဲ့ လေ့ကျင့်ခန်းကို "ပါးစပ် ယောဂ" (Mouth Yoga) လို့ တင်စားခေါ်ကြတာ။ ဒါကြောင့် အပြုံးကျင့်ပါ။ အသက်ရှုသွင်းရင်း (တဝက်ပဲ ဖြစ်ဖြစ်) ပြုံးကြည့်ပါ။ တင်းနေတာတွေ လျော့သွားပြီး နေလို့ အတော်ကောင်းသွားပါလိမ့်မယ်။ . ကိုယ့်ပျော်ရွှင်မှုကြောင့် ပြုံးရတဲ့အချိန်တွေ ရှိသလို ကိုယ့်အပြုံး ကြောင့် ပျော်ရတဲ့အချိန် တွေလည်း ရှိတယ်။ ကျနော်ကတော့ ပျော်လာမဲ့အချိန်ထိ မစောင့်တော့ဘူး။ အရင်ဦးအောင် ပြုံးထားလိုက်တယ်။ အပျော်က သူ့ဘာသာ လာပါလိမ့်မယ်။ တခါတလေ ကျနော်တယောက်တည်း အမှောင်ထဲမှာ အပြုံး လေ့ကျင့်တတ်တယ်။ အဲလို ကျင့်ခြင်းဟာ ကိုယ့်ဘာသာ ကြင်နာရာ ရောက်တယ်၊ ဂရုစိုက်ရာ၊ ချစ်ရာလည်း ရောက်တယ်။ ကျနော့်တို့ဟာ ကိုယ့်ဘာသာ ဂရုမစိုက်တတ်ဘူး ဆိုရင် ကျနော်တို့ သူတပါးကိုလည်း ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ . ကိုယ့်ဘာသာ ကြင်နာတတ်ခြင်းဟာလည်း အလွန် အရေးကြီးတဲ့ လေ့ကျင့်ခန်းတခုပါ။ ပင်ပန်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ မုန်းတီးမှုဖြစ်နေတဲ့အခါ၊ ကိုယ့်ခန္ဓာကို (စိတ်က) ပြန်လာတတ်ပြီး ဒီ ပင်ပန်းမှု၊ ဒေါသ၊ အမုန်းတွေကို ဂရုစိုက်တတ်ဖို့ လိုတယ်။ ကိုယ့်ဘာသာ ကြင်နာတတ်ဖို့လိုတယ်။ ဒါကြောင့်လည်း ကျနော်တို့ သတိအကျင့်နဲ့ ပြုံးတတ်အောင်၊ လမ်းလျှောက်တတ်အောင်၊ အသက်ရှုတတ်အောင်၊ စားတတ်အောင် လေ့ကျင့်နေရတာပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message
30 episoder
Kommentarer
0Vær den første til at kommentere
Tilmeld dig nu og bliv en del af The Healing Path_Myanmar-fællesskabet!