3 Person Perspective Podcast
အားလုံးပဲ မင်္ဂလာပါ။ “3 Person Perspective Podcast” ရဲ့ Episode အသစ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ သူငယ်ချင်း “May”ကတော့ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်တဲ့အတွက် ကျွန်တော်တို့ Austin နဲ့ Morest နှစ်ယောက်ထဲကပဲ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီ “Monday Movie Talk” Episode မှာ ကျွန်တော်တို့က လူအားလုံးနဲ့ မစိမ်းတဲ့ အကြောင်းအရာဖြစ်တဲ့ ရုပ်ရှင်တွေအကြောင်းကို ပြောသွားကြမှာပါ။ ကျွန်တော်တို့ ဇာတ်ကားတစ်ကားကြည့်ဖို့ အဓိကတွန်းအားကဘာလဲ၊ ဘယ်ဇာတ်ကားပုံစံတွေက ကိုယ့်ကို ဆွဲဆောင်နိုင်စွမ်းအရှိဆုံးလဲ၊ ကိုယ်ကြိုက်တဲ့ဇာတ်ကားတစ်ကားမှာ သဘောကျတဲ့အရာတွေ၊အဓိကမှတ်မိနေတာတွေက ဘာဖြစ်မလဲ စတဲ့မေးခွန်းတွေကို ဖြေကြရင်းနဲ့ ပေါ့ပေါ့ပါးပါးတင်ဆက်သွားမှာဖြစ်လို့ နားဆင်ပေးကြပါဦးခင်ဗျာ။ အကယ်၍ နားဆင်သူတွေမှာလည်း အမြဲအမှတ်ရနေတဲ့ဇာတ်ကားတွေရှိရင် Comment ရေးသွားခဲ့လို့ရပါတယ်။ ဇာတ်ကားတစ်ကားကို ကြည့်ရတဲ့ ပင်မအကြောင်းရင်း၊ ဇာတ်ကားတစ်ကားရဲ့အနှစ်သာရ စတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ကို မျှဝေပေးသွားကြပါဦးခင်ဗျာ။ 2MAP NEW NORMAL ကို အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်လည်း ပိုပိုပြီးကောင်းတဲ့ Episode တွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ။ Our Social media Instagram : https://www.instagram.com/2map.newnormal/ Podcast - Anchor : https://anchor.fm/2map-new-normal Spotify : https://open.spotify.com/show/3mlbyOqPJju3HwKZb1ggh8 Apple Podcast : https://apple.co/3GkP2xn Google Podcast : https://podcasts.google.com/feed/aHR0cHM6Ly9hbmNob3IuZm0vcy83NzdmZDQzNC9wb2RjYXN0L3Jzcw Youtube : https://youtube.com/channel/UC1tSB7kmHXQi3rQiazWfFgQ You can send voice message to us : https://anchor.fm/2map-new-normal/message (Presented by three friends who are in different cities 400 miles away! We want to say sorry in advance for any audio or technical problems.)
12 episoder
Kommentarer
0Vær den første til at kommentere
Tilmeld dig nu og bliv en del af 3 Person Perspective Podcast-fællesskabet!