Around The World by Phokout
အခုတပတ် Around the World Podcast မှာ ပါ၀င်အားဖြည့်တဲ့သူကတော့ ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ဘိုဘိုကျော် နဲ့ သူ့ရဲ့ ဇနီး ညီမလေး ထက်ထက်ထူး ပဲဖြစ်ပါတယ်။ သူတို့က Japan မှာ Language School တက် အလုပ်လုပ်ရင်း အခုဆို Japan မှာ ကိုယ်ပိုင် Z&H Trading Company Limited တည်ထောင်ပြီး Travels & Tours လုပ်ငန်း Restaurant လုပ်ငန်းများ အပြင် Japan ပြည်ရဲ့ လုပ်သားလိုအပ်ချက်များကိုပါ ဖြည့်တင်းပေးနိုင်ရန် မှန်မှန်ကန်ကန် တရား၀င် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘိုဘိုနဲ့ကျွန်တော်က လည်း မူလတန်းကနေ ၁၀ တန်းအောင်သည်အထိ ကျောင်းမှာ တူတူကြီးပြင်းခဲ့တော့ ပြောစရာတွေ များစွာရှိတဲ့ကြားကမှ သူတို့ မိသားစု အခု အခြေချနေထိုင်နေတဲ့ Japan နိုင်ငံက အကြောင်းလေးတွေ ပြောဖြစ်ပါတယ်။ အားလုံးလည်း သိထားသလို ကျွန်တော်တို့ မြန်မာတွေအတွက် ဟိုးတုန်းက Japan ပြည်သွားခွင့်ရဖို့ဆိုတာ ထီပေါက်သလိုပဲ တော်တော် ဆုတောင်းအားထုတ်ရတဲ့ ကိစ္စပါ။ အခုခေတ်မှ တဖန် ပြန်လည်လာတာကတော့ လူငယ်လူရွယ် သက်လတ်သက်ကြီးတွေပါမကျန် ပြည်ပနိုင်ငံတွေကို ပြန်လည် မျက်စပစ် ခြေလှမ်းလှမ်းနေကြတော့ ဘိုဘို + ထက်ထက်ဆီက ကျွန်တော်နဲ့အတူ နားဆင်သူတို့လည်း သိချင်လောက်မယ့် အရာလေးတွေ မေးမြန်း တင်ဆက်ဖြစ်ပါတယ်။ အားပေးနားဆင်ကြည့်ပါဦးခင်ဗျာ။ (Around The World Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)။ #myanmar #podcast #japanlife #japan #travelling #restaurant #experience #phokout #ayesayoriginal #aroundtheworld #ဂျပန် #ပြည်ပလူနေမှုဘဝ #ပြည်ပထွက်ခွါ #ခရီးသွားလုပ်ငန်းများ #စားသောက်ဆိုင်လုပ်ငန်း #ပြည်ပရောက်မြန်မာများ #ဗဟုသုတ #အတွေ့အကြုံ
12 episoder
Kommentarer
0Vær den første til at kommentere
Tilmeld dig nu og bliv en del af Around The World by Phokout-fællesskabet!