Dark Era of Burma
ကိုစစ် ကိုစစ်သည် ကျောင်းနောက်ဆုံးနှစ်မှ စ၍စာတွေ၊ ကဗျာတွေရေးသားခဲ့သည်။ ထို့နောက် ရန်ကုန်သို့တက်ပြီး ကျောင်းမှ field ဆင်းသည့်သဘောအနေနှင့် ကွန်ပျုတာသင်တန်းတစ်ခုတက်ရသည်။ ကွန်ပျူတာသင်တန်းအောင်လက်မှတ်ကို ကျောင်းသို့ပြန်ပြလိုက်သည့်အခါ field ဆင်းပြီးကြောင်း ကျောင်းကသတ်မှတ်သည်။ စံချိန်စံနှုန်းနှင့် လွဲမှားနေသော ပညာရေးစနစ်ပိုင်းအတွက် သတိပြုစရာအချက်များဖြစ်ပါသည်။ ဘွဲ့လက်မှတ်မရသေးခင်ကပင် အိမ်သို့မပြန်တော့ဘဲ ရန်ကုန်က နည်းပညာအလုပ်တွေမှာ ဝင်လုပ်ခဲ့သည်။ လျပ်စစ်Diploma ဘွဲ့ရခဲ့ပြီး အလုပ်တွေတစ်ဖက်ကြောင့်မို့ နယ်ကိုပြန်မယူဖြစ်ဘဲ အဝေးရောက်ဖြင့်သာ ဘွဲ့ကိုယူခဲ့ရသည်။အလုပ်ခွင်ထဲတွင် ကိုစစ်နှင့် မြန်မာနိုင်ငံက လူတော်တော်များများ၏ မျက်လုံးထဲတွင် မြင်ယောင်ကြသည့် အင်ဂျင်နီယာတစ်ဦး၏ပုံရိပ်သည် အတွေးနှင့် လက်တွေ့တွင် များစွာကွဲလွဲနေကြောင်း သိခဲ့ရသည်။ အောက်ခြေသိမ်းအလုပ်များကိုလည်း အလုပ်နှင့်တွဲဖက်၍ လုပ်ကိုင်ခဲ့ရသည်။ အလုပ်ပထမဆုံးနေ့မှာတင် အလုပ်ရှင်အတွက် ကွမ်းယာဝယ်ပေးခဲ့ရသည်။ ဘက်ထရီအိုးအလေးကြီးများကို အထပ်မြင့်တိုက်တွေအပေါ် တစ်ယောက်တည်း မ တင် ပြီး တပ်ဆငိပေးရသည်။ ပြုပြင်ပေးရသည်။ ပစ္စည်ူအပြောင်းအရွှေ့လုပ်ခြင်းသည် အင်ဂျင်နီယာတွေနှင့် မဆိုင်သော အလုပ်ဖြစ်သော်လည်း လုပ်ခဲ့ရသည်။ လုပ်ခလစာအနေနှင့်လည်း အင်ဂျင်နီယာတစ်ယောက်၏လစာနှင့်စာလျင် အလွန်နည်းပါးသည့် ပမာဏသာ ရရှိခဲ့သည်။ တစ်နှစ်ပြည့်တိုင်း လစာတိုးသော်လည်း သုံးနှစ်လုပ်ပြီးနောက် ရသည့်လစာမှာ ၂သိန်းသာဖြစ်သည်။ ထိုအချိန်သည် NLD ပါတီအုပ်ချုပ်နေသည်ပ အချိန်ကာလပင် ရောက်နေပါပြီ။ သို့ပေမဲ့ တချို့သော အရာများသည် လုံးဝမပြောင်းလဲသွားဘဲ စစ်အစိုးရက နှစ်ရှည် အုပ်ချုပ်ခဲ့သည့် စံတွေ၊ စနစ်တွေက မပြောင်းလဲဘဲ ရှိနေသေးသည်။ ကိုဗစ်ကာလအတွင်းတွင် ကိုစစ်တို့လုပ်နေသည့် လုပ်ငန်းသည် အရှုံးများစွာပေါ်ရင်း အလုပ်နေရာကို ရောင်းချလိုက်ရသည်။ ကိုစစ်တို့လည်း ဂိုဒေါင်တစ်ခုဆီပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ အလုပ်လည်း များစွာပါးသွားသလို လစာလည်း လတိုင်းမရှင်းပေးနိုင်ဖြစ်လာသည်။ ထိုအချိန်မှစပြီး အားလပ်ချိန်အလွန်များသည်မို့ သုံးစွဲစားရိတ်ထဲကနေ ပန်းချီပစ္စည်းများဝယ်ပြီး ပန်းချီစဆွဲခဲ့သည်။ အဆောင်တစ်ခုကို ပြောင်းနေပြီးနောက်ပိုင်းလည်း ပန်းချီတွေဆက်ဆွဲခဲ့သည်။ အဆောင်ဆိုသည့်အတိုင်း ညဘက်အချိန်တစ်ခုရောက်လျင် အဆောင်မီးများပိတ်သည့်အတွက် ဖုန်းမှ flash မီးကို ထွန်းရင်း ပန်းချီတွေ ဆွဲခဲ့သည်။ အသုံးစားရိတ်လိုအပ်လာလျင် အိမ်က အနည်းငယ်ထောက်ပံ့ပေးသည်။ တဖြည်းဖြည်းနှင့် ကိုစစ်၏ ပန်းချီကားများသည် ရောင်းရလာပြီး ငွေကြေးလည်ပတ်သည့်အနေအထားသို့ရောက်လာသည်။ ထိုအချိန်တွင် အာဏာသိမ်းမှုကြီး ဖြစ်ပေါ်လာသည်။ ဗကသ သပိတ်စစ်ကြောင်း၏ ထပ်ဆုံးပိုင်းတွင် လိုက်ပါကာ အာဏာရှင်ကို ရွံ့ရွံ့ချွန်ချွန် ဆန္ဒပြတွန်းလှန်ခဲ့သည်။ အကြမ်းဖက် စစ်တပ်၏ လက်နက်ဖြင့် ဖြိုခွင်းမှုတွေကြောင့် ထိခိုက် ဒဏ်ရာရသည်များလည်း ရှိခဲ့သည်။ စစ်တပ်၏ အဖမ်းအဆီးကင်းလွတ်အောင် တစ်နေရာမှ တစ်နေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ထိုသို့ပြောင်းရွှေ့နေထိုင်ရင်း အမြတ်တနိုးဆွဲထားသည့် ပန်းချီကားတွေလည်း ဆုံးရှုံးခဲ့ရသလို သုံးနှစ်တာ ပြုလုပ်ခဲ့ရသည့် မှတ်ပုံတင်လည်း ပျောက်ဆုံးခဲ့ရသည်။ မှတ်ပုံတင်ပျောက်သွားခြင်းကြောင့် ရန်ကုန်မှာ ဆက်နေလို့ မဖြစ်တော့ဘဲ အိမ်ကို ရရာကားဖြင့် ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် ကားလိုင်းများမှာ မထွက်သေးသည့် ကာလဖြစ်သည်။ ကိုစစ်သည် အနုပညာကို မစွန့်လွှတ်နိုင်၍ လက်နက်ကိုင်လမ်းစဥ်ကိုတော့ ရွေးချယ်ရန် အဆင်မပြေခဲ့ချေ။ ထို့ကြောင့် သူ၏ ကဗျာနှင့်စာများကို ရောင်းပြီးဖြစ်စေ၊ မဲစနစ်ဖြင့် ရောင်းချပြီးဖြစ်စေ၊ တော်လှန်ရေးအတွက် သူ့အနုပညာကို လိုအပ်လာပြီဆိုလျင် ငြင်းဆိုလေ့မရှိဘဲ ပေးတာချည်းဖြစ်သည်။ ထိုသို့ အနုပညာများကို တစ်ဆင့်ခံ၍ တော်လှန်ရေးကို အထောက်အကူပြုခြင်းဖြင့်သာလျင် ယခုချိန်ထိ တော်လှန်ရေးမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေသေးသည်။ ကိုစစ်သည် တော်လှန်ရေးကြီးအောင်မြင်ခဲ့လျင် အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ခဲ့ကြသော အနုပညာရှင်များ၊ နေရာတွေအသီးသီးဆီ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားသည့် အနုပညာရှင်များကို ရန်ကုန်တွင် ပြန်ဆုံတွေ့လိုကြောင်း သူ့ဆန္ဒကိုပြောကြားခဲ့ပါသည်။ ကိုစစ်၏ အကြောင်းများကို တင်ဆက်ထားသည့် ဒုတိယ အပုဒ်တွင်တော့ အထက်ပါအကြောင်းအရာများ၏ အသေးစိတ်ဖြစ်ရပ်များနှင့် ဆွေးနွေးသုံးသပ်မှုများပါ ဝေဝေဆာဆာ ပါရှိမည်ဖြစ်ပါသည်။ Dark Era of Burma Podcast channel တွင် ဝင်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။ Podcast channel တွင် ဝင်ရောက်နားဆင်နိုင်ပြီဖြစ်ပါသည်။ In order to be included in the voting list, three out of five judges must click on the button. The application allows users to vote for their favorite performances once they are included on the voting list.
8 afleveringen
Reacties
0Wees de eerste die een reactie plaatst
Meld je nu aan en word lid van de Dark Era of Burma community!