AskAlex

AskAlex

Podkast av Alex Khine

Everything about business development, marketing, communication, blogging, vlogging and other stuffs.

Tidsbegrenset tilbud

3 Måneder for 9,00 kr

Deretter 99,00 kr / MånedAvslutt når som helst.

Kom i gang

Alle episoder

260 Episoder
episode Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? (Ko Alex အမြင်) artwork
Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? (Ko Alex အမြင်)

Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။ (Ko Alex အမြင်) A: (ကို alex) ကျွန်တော်တစ်ခုပြောချင်တာ ကတော့ သူ့ချည်းပဲမသုံးဘဲနဲ့ CBO နဲ့သုံးစေချင်ပါတယ်။ ပြီးတော့ custom audience က result မကောင်းဘူး၊ ကောင်းတယ်ဆိုတဲ့စကားလုံးက ဘယ်လိုမျိုး objective ပြောလဲတော့ ကျွန်တော်လည်း မသိဘူး။ အရင်တုန်းကလို video view ကိုအခြေခံပြီးတော့ message ကိုသွားထားတာမျိုးလား။ ဒါမှမဟုတ် page engage တစ်ခုလုံးကို custom audience ဆောက်၊ look a like ဆောက်ပြီးတော့မှ get message ကိုသွားထားတဲ့ဟာမျိုးလားပေါ့နော်။ ကျွန်တော်တို့လည်းဒီမှာမရေးထားဘူးဆိုတော့ ပြောလို့ မရဘူး။ ဘာတစ်ခုအကြံပေးချင်လဲဆိုတော့ CBO နဲ့သာ run။ အဲ့တော့ကျွန်တော်တို့လည်း CBO နဲ့ run တယ်။ CBO ထဲမှာ ads set နှစ်ခုသုံးခုလောက်ထည့်လို့ရတယ်။ ကျွန်တော်တို့က နည်းနည်းလေးကျယ်တဲ့ narrow audience မလုပ်ထားတဲ့ ads set တစ်ခုဆောက်လိုက်။ အဲ့တာကို ads နဲ့ run ချလိုက်။ ပြီးလို့ရှိရင် အဲ့ဒီ narrow ထည့်ပြီးတော့မှ ass set ဆောက်ပြီးတော့ run ကြည့်။ နောက်ဆုံး custom audience နဲ့ look a like ကိုပဲ run ကြည့်ပေါ့နော်။ ဘယ် ads set က cost per result အနည်းဆုံးလဲဆိုတဲ့ဟာကို သိလာပြီဆိုရင် Facebook ကအဲ့တာကိုပိုပြီး boost လုပ်ပေးလိမ့်မယ်။ ကျွန်တော်တို့ရဲ့တာဝန်ကဒါပဲ။ ပြောမယ်ဆိုရင် ကျွန်တော်တို့က lowest engage fruit ကိုရအောင်ယူရမှာဖြစ်တဲ့အလျောက် အရမ်းကြီး နည်းနေတဲ့ custom audience ဆိုရင် look a like audience ကလည်းနည်းတယ်။ look a like audience က ၁၀၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ ဘယ်လောက်လောက်ရာခိုင်နှုန်းတူလဲဆိုတာ ပေါ်မှာမူတည်ပြီးတော့ cost တွေကတက်လာနိုင်တာဆိုတော့ ဖြစ်စေချင်တာကတော့ CBO နဲ့ run ပြီး တော့အကုန်လုံးကို Facebook ကိုပုံအပ်ထားတာက ပိုပြီးတော့သင့်တော်မယ်လို့တော့ မြင်ပါတယ်။ #marketing [https://www.youtube.com/hashtag/marketing] #digitalmarketing [https://www.youtube.com/hashtag/digitalmarketing] #market [https://www.youtube.com/hashtag/market] #career [https://www.youtube.com/hashtag/career] #askalex [https://www.youtube.com/hashtag/askalex] #askalexmm [https://www.youtube.com/hashtag/askalexmm]

05. mai 2023 - 2 min
episode Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? Ko Thant Htet Aung artwork
Facebook boost တဲ့အခါ audience ထည့်ပြီး သုံးတာနဲ့ audience မထည့်ပဲသုံးတာ ဘာကွာလဲ? Ko Thant Htet Aung

Q: Facebook boost audience ရွေးတဲ့အခါ narrow audience ထည့်တာ။ custom audience / look a like ထည့်သုံး တာ recommended budget အတိုင်းသုံးပေးမယ့် result လုံးဝမကောင်းတာတွေ ကြုံရပေါင်းများလို့ပါ။ အပေါ်မှာပြောခဲ့တာတွေမထည့်ရင် campaign ကအဆင်ပြေတယ်။ ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ လားခင်ဗျ။ A: ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က narrow audience ကိုအရင်ပြောလိုက်မယ်ပေါ့နော်။ ကျွန်တော် တို့ထည့်လိုက်တဲ့ narrow audience မှာ၊ ကျွန်တော်တို့ target မှာ၊ audience size ကဘယ်လောက်ကျန် လဲဆိုတာ ကျွန်တော်တို့ကအမြဲတမ်းကြည့်ရတယ်။ audience size နည်းနည်းလေးပဲကျန်တော့တဲ့ချိန်မှာ ဥပမာ-တစ်သိန်းနှစ်သိန်းကတော့ နည်းတယ်ပေါ့နော်။ ၁ million ကနေ 3 million ကတော့အဆင်ပြေတဲ့ အထဲမှာပါတယ်။ အဲ့တော့ 1 million ပြည့်ခါနီး number တွေအရ တစ်သိန်းနှစ်သိန်းပဲပြတဲ့အချိန်မှာတော့ ကျွန်တော်တို့က စျေးကတော့ကြီးနေမှာပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ custom audience တွေ၊ look a like တွေထည့်သုံးတဲ့အချိန်မှာ ကျန်တဲ့ဟာတွေလောက် result မကောင်းဘူးဆိုတာက ဘယ်လိုမျိုး ဖြစ်တာလဲဆိုတော့ ကျွန်တော်တို့ custom audience တွေ၊ look a like တွေပြန်စောင့်လိုက်တဲ့အချိန် တိုင်းမှာ Facebook ဘက်ကနေပြီးတော့ learning phase တစ်ခုလိုတယ်ပေါ့နော်။ သတ်မှတ်လိုက်တဲ့ audience ကဘယ်လောက်ရှိတာလဲ။ အဲ့ဟာကိုပြန်တွက်ရတယ်ပေါ့နော်။ ပထမဆုံး run တဲ့ ads တွေက တော့ စျေးကြီးမှာပဲ။ ဒါပေမဲ့ အဲ့ဒီ audience နဲ့ပဲ၊ look a like နဲ့ပဲ run လာတဲ့ဟာက တစ်လလောက် ရှိလာပြီဆိုရင်တော့ သူ့ရဲ့ audience ကတဖြည်းဖြည်းသိသာလာပြီးတော့ result တွေကကောင်းလာပါ လိမ့်မယ်။ စလုပ်တဲ့အချိန်တွေမှာတော့ စျေးကြီးမှာပေါ့နော်။ သူ recommend ပေးတဲ့ Budget ပဲသုံးသုံး စျေးကြီးမှာပဲ။ #marketing [https://www.youtube.com/hashtag/marketing] #digitalmarketing [https://www.youtube.com/hashtag/digitalmarketing] #market [https://www.youtube.com/hashtag/market] #career [https://www.youtube.com/hashtag/career] #askalex [https://www.youtube.com/hashtag/askalex] #askalexmm [https://www.youtube.com/hashtag/askalexmm]

04. mai 2023 - 2 min
episode Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားရမလဲ? artwork
Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားရမလဲ?

Q: မင်္ဂလာပါ ကို Alex ခင်ဗျား Facebook page ကို Security အမြင့်ဆုံး ဘယ်လိုထားလို့ရပါသလဲ၊ ကိုယ့် account hack ခံရရင်တောင် page ပါမသွားအောင် လုပ်လို့ရပါလားခင်ဗျ။ A: Security အမြင့်ဆုံးဆိုတဲ့ဟာက ကျွန်တောိထင်တယ် two-factor authentication လို့ခေါ်တဲ့ two-factor ခံထားတယ်ဆိုလို့ရှိရင် ဖြစ်နိုင်တယ် ဒါသည်အမြင့်ဆုံးသုံးလို့ရတဲ့ဟာ အဲ့ဟာလည်း hack ခံရပါတယ်၊ ကိုယ့်ရဲ့ account hack ခံရရင်တောင် page ပါမသွားအောင်ကျတော့ ကျွန်တော်တို့ page ကို business manager နဲ့ ချိတ်ထားတယ်ဆိုလို့ကတော့ account ကို hack ရင်တောင်မှ business manager ကို hack တာမဟုတ်တဲ့အတွက်ကြောင့် ကျန်ခဲ့နိုင်ပါတယ်၊ business manager မှာလည်း တခြားသော admin တွေပေးထားလို့ရတဲ့အတွက်ကြောင့် အများကြီးပိုပြီးတော့ အဆင်ပြေလာနိုင်ပါတယ်၊ အဲ့တော့ business manager နဲ့ ချိတ်ထားစေချင်တယ်၊ နောက်တစ်ခုက ဘာလုပ်စေချင်လဲဆိုတော့ account hack သွားရင် ပြန် claim လုပ်တဲ့ process က Facebook တွေအဲ့account ကို ကျွန်တော်တို့ကပိုင်ပါတယ်ဆိုတဲ့ အဲ့ business ကို ပိုင်ပါတယ်ဆိုတဲ့ဟာမျိုးပြရတယ်၊ အဲ့လိုပြတယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုရင် ပြောရရင် government document လိုတယ် အဲ့တော့ government registration လိုတယ် ဥပမာ DICA ရဲ့ registrationဘဲဖြစ်ဖြစ်ပေါ့နော် အဲ့လို registration တွေလိုပါတယ် အဲ့လိုမျိုးသေချာလေး လုပ်ချင်တယ်ဆိုလို့ရှိရင် ကျွန်တော်ကတော့ အမြဲအကြံပေးချင်တာကတော့ လုပ်ငန်း လိုင်စင်ဘဲ ဖြစ်ဖြစ် အသေးအလတ်စား လုပ်ငန်း လိုင်စင်ဘဲဖြစ်ဖြစ် company မှတ်ပုံတင်ဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ လုပ်ထားစေချင်ပါတယ်၊ အဲ့တာမှသာလျှင် ပိုပြီးတော့ အဆင်ပြေမယ် ဥပမာ ကျွန်တော့ရဲ့ personal page alex khine ဆိုတဲ့ page ပါသွားတယ်ဆိုရင် ဘာလုပ်လို့ရလဲဆိုတော့ ကျွန်တော့ရဲ့ government ထဲမှာရှိနေတဲ့ passport ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မှတ်ပုံတင်ဘဲဖြစ်ဖြစ် diving လိုင်စင်ဘဲဖြစ်ဖြစ် ပြနိုင်တယ်ဆိုရင်က Facebook က ပြန်ပြီးပေးလေ့ရှိပါတယ် အဲ့နည်းနဲ့ ပြန်ပြီး claim ပါတယ်။ #marketing [https://www.youtube.com/hashtag/marketing] #digitalmarketing [https://www.youtube.com/hashtag/digitalmarketing] #market [https://www.youtube.com/hashtag/market] #career [https://www.youtube.com/hashtag/career] #askalex [https://www.youtube.com/hashtag/askalex] #askalexmm [https://www.youtube.com/hashtag/askalexmm]

03. mai 2023 - 2 min
episode Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို Train သင့်လဲ? artwork
Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို Train သင့်လဲ?

Q: Contents ကောင်းကောင်းရေးတတ်ဖို့ ဘယ်လို train သင့်လဲ ကို Alex..။ A: ဘယ်လို Train သင့်လဲဆိုတော့ (1)အချက် များများရေးပါ၊ (၂)အချက် များများရေးပါ (၃)အချက် များများရေးပါ၊ များများရေး ပြန်ကြည့်၊ ကျွန်တော်တို့ များများရေးဆိုတာ content ဘဲများများရေးဖို့မဟုတ်ဘူး content အနေအထားများများရေးပါ content topic ကိုလည်းများများရေးပါ content ဝေါဟာရတွေကိုလည်း များများရေးပါ၊ အဲ့လိုများများရေးခြင်း အားဖြင့် ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ ကိုယ့်ရဲ့ ဘယ်လို content မျိုးတွေက ဘယ်အခြေအနေမျိုးမှာ ဘယ်သူ တွေကစိတ်ဝင်စားလဲဆိုတဲ့ date ကအကုန်လုံး ပြန်မြင်ရတယ် ဆိုတော့ များများသာရေးပါ။ ကျွန်တော်ကတော့ များများရေးဖို့အတွက်ကိုဘဲ အကြံပေးချင်ပါတယ်။ နောက်တစ်ခုက content marketing Hub ဆိုတဲ့ ဟာလေးတစ်ခုရှိတယ် content marketing institute ဆိုတဲ့ website လေးတစ်ခုရှိတယ် အဲ့ထဲမှာကျွန်တော်တို့ content ရေးတာနဲ့ပတ်သတ်ပြီး သွားဖတ်လို့ရတယ်၊ FYI မှာလည်း အလျင်းသင့်သလိုကျွန်တော်ပြောပေးပါ့မယ်၊ FYI မှာလည်းပြန်ပြီးတော့ credit လုပ်ပေးနေပါတယ် ကျွန်တော်တို့လည်း တစ်ထောင့်တစ်နေရာကနေ cooperate လုပ်ပေးနိုင်တာပေါ့ များများရေး မတူညီတဲ့ topic တွေ မတူညီတဲ့ journey တွေကို အခြေခံပြီးများများရေးပါ။ အဲ့တာဆိုရင်ပိုပြီးတော့ effective ဖြစ်နိုင်ပါတယ်။ #marketing [https://www.youtube.com/hashtag/marketing] #digitalmarketing [https://www.youtube.com/hashtag/digitalmarketing] #market [https://www.youtube.com/hashtag/market] #career [https://www.youtube.com/hashtag/career] #askalex [https://www.youtube.com/hashtag/askalex] #askalexmm [https://www.youtube.com/hashtag/askalexmm]

02. mai 2023 - 2 min
episode Cost per Result က Post တစ်ခုနဲ့ တစ်ခု မတူတာဘာလို့လဲ? artwork
Cost per Result က Post တစ်ခုနဲ့ တစ်ခု မတူတာဘာလို့လဲ?

Q: ဆရာ cost per result က post တစ်ခုနဲ့ တစ်ခု မတူဘူးနော် ဆရာ ဘာလို့မတူတာလဲဗျ တစ်ချက်လောက်ဖြေပေးပါနော်။ ဥပမာ အနေနဲ့ မက်ဆေ့တစ်စောင် s 0.58 ဒေါ်လာ ဖျတ်ပြီး နောက်တစ်ခုကျ အဲ့ထက်ပိုဖျတ်နေတယ်ဆရာ ဘာဖစ်လို့လဲအကို တစ်ချက်လောက် ဖြေပေးပါဗျ။ A: ကျွန်တော်တို့ Facebook ရဲ့ algorithms အရကော ပြီးတော့ ပထမဦးဆုံးကတော့ delivery system ဆိုတဲ့ဟာ ရှိတယ် ကျွန်တော်တို့ကတော့ Facebook မှာ ads run တယ်ဆိုလို့ရှိရင် အနောက်မှာ option house လိုမျိုးရှိတယ် လေလံတင်ရတဲ့ဟာ biding လုပ်ရတဲ့ဟာရှိတယ်၊ bid လုပ်ရတဲ့ ဟာမှာကျွန်တော်တို့အပြင်က လေလံတင်ရတဲ့ဟာတွေနဲ့မတူတဲ့ဟာက အပြင်မှာဆိုရင် ပိုက်ဆံပိုများတဲ့ သူကိုပစ္စည်းကိုရောင်းတာပေါ့ အခုဒီမှာကကျတော့ပိုက်ဆံ များများပေးရတဲ့ သူကို ရောင်းတာမဟုတ်ဘူး ကျွန်တော်တို့ create လုပ်ထားတဲ့ content မှာ copy ရော စာရော ပုံရော ဒါမှမဟုတ် video ရောပေါ့လေ အဲ့ဟာကျွန်တော်တို့ target နဲ့ ဘယ်လောက် relevant ဖြစ်လဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ delivery score တွေ သူတို့ဘာသူတို့အနောက်မှာ သတ်မှတ်ထားတဲ့အရာတွေရှိတယ် အဲ့တော့ အဲ့ score တွေကနည်းနေလို့ရှိရင် result က ဈေးလည်းပိုများနိုင်မယ် reach လည်းပိုနည်းနိုင်မယ် အဲ့တော့ ads မ run ခင်မှာ လုပ်ရမယ့် ဟာက content create လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ audience နဲ့ကိုက်မဲ့ပုံစံမျိုး အပေါ်မူတည်ပြီးတော့ ဦးစားပေး လုပ်ရမှာပေါ့ တကယ်လို့ 0.58 နဲ့ မက်ဆေ့ဖျက်နေတဲ့ဟာ ဘယ်လိုမျိုးစာသားရေးထားလဲ content idea သုံးထားလဲ ဘယ်လိုမျိုး virtual သုံးထားတာလဲ နောက်တစ်ခု 0.58 ထက်ပိုများသွားတဲ့ဟာမှာကျတော့လည်း အကိုဘယ်လိုမျိုးဟာ သုံးထား တာလဲ အကိုရဲ့ audience တွေက targeting မှာ မပြောင်းဘူးဆိုရင်တောင် အကို audience က ဘယ်လိုမျိုးပုံစံကို ပိုကြိုက်လဲဆိုတဲ့ဟာကို အကိုအဲ့မှာ မြင်ရမှာပေါ့ မြင်ရတော့ ပိုပြီးတော့ create လုပ်ပေးရမှာပေါ့လေ အဲ့တာဆိုရင်တော့ 0.58 ဝန်းကျင်လောက်ရပါလိမ့်မယ် အဲ့ဟာအမြဲတမ်းကြီးတော့ ဒီဝန်းကျင်ဘဲသွားနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီ Facebook ကလည်း အမြဲသူတို့ရဲ့ algorithms တွေကလည်း အမြဲတမ်းချိန်းနေတာဆိုတော့ အပြောင်းအလဲတော့ရှိမှာ အမြဲတမ်းကြီးတော့ ဒီနားမှာဘဲသွားနေမှာမဟုတ်ဘူး ကျွန်တော် additional အနေနဲ့ ထပ်ပြီးတော့ ဖြည့်ရရင် ဒီအောက်မှာ ကိုသန်းထက်အောင် ပြောသွားတဲ့ relevant ရောဘယ်လိုတွက်လဲဆိုတဲ့ဟာမျိုး link လေးချပေးထားတယ် တစ်ချက်လေးကြည့်ကြည့်ပေးပါ။ additional ဖြည့်ရရင်ဆိုတော့ကာ ဥပမာ ကျွန်တော်တို့ cost per message ကဘယ်လိုမျိုးတွက်လဲဆိုတော့ ကျွန်တော်တို့ရဲ့ content တစ်ခုစီမှာမူတည်ပြီးတော့မှနည်းနည်းလေး ပြန်ချုပ်ပေးရရင် content တစ်ခုစီမှာ မူတည်ပြီးတော့ အဲ့content ပေါ်မှာစိတ်ဝင်စားပြီးတော့ ကျွန်တော်တို့ မက်ဆေ့ဝင်လာတဲ့ နှုန်းပေါ်မူတည်ပြီးတွက်ကြတာဆိုတော့ content တစ်ခုထဲကိုဘဲ ကျွန်တော် တို့ boost ရင်တောင်မှ ads တစ်ခုထဲကိုဘဲ boost ရင်တောင်မှ အချိန်ပေါ်မှာမူတည်ပြီးကွာနိုင်တဲ့ ဟာမျိုးတွေ ဖြစ်နိုင်တယ် ဥပမာ ကျွန်တော် world cup အချိန်မှာ ဘောလုံးနဲ့ပတ်သက်တဲ့ ကြော်ငြာတစ်ခုကို အဲ့အချိန်မှာ boost လိုက်တယ်ဆိုလို့ရှိရင် relevant ဖြစ်လို့ဘောလုံးကန်တဲ့ အချိန် relevant ဖစ်လို့ အဲ့လိုအချိန်မျိုးမှာ cost နည်းနေနိုင်ပေမဲ့ world cup ပြီးသွားတဲ့ အချိန်မှာ boost တဲ့အချိန်မှာ relevant မဖြစ်တော့တဲ့အချိန်မှာ ဆက်စပ်မှုမရှိတော့တဲ့အချိန်မှာ cost များတဲ့ဟာမျိုးဖြစ်နိုင်တာပေါ့ အဲ့တာတွေသည် ပြောရမယ် ဆိုရင် world cup ကတော့ အခုပြီးသွားတာဆိုတော့ အလွယ်ဆုံး အမြန်ဆုံး ဆက်စပ်မှုရှိနိုင်ဆုံး ဟာကို ပြောပြတာ တခြားသောအများကြီးဖြစ်နိုင်ပါသေးတယ် ခုနက ကိုသန်းထက်အောင် ပြောသလိုဘဲ ဘာလုပ်ရလဲဆိုတော့ test လုပ်ရတယ် ads တွေရွေးပြီး testလုပ်တယ်၊ CPO နဲ့ content တွေကို test လုပ်ကြတယ် အဲ့လိုမျိုးတွေသွားတယ်ဆိုအများကြီး ဈေးသက်သာပါလိမ့်မယ်။ ကျွန်တော်တို့ time ရော placement တွေရောနဲ့ အများကြီးဆိုင်တယ်ပေါ့ #marketing [https://www.youtube.com/hashtag/marketing] #digitalmarketing [https://www.youtube.com/hashtag/digitalmarketing] #market [https://www.youtube.com/hashtag/market] #career [https://www.youtube.com/hashtag/career] #askalex [https://www.youtube.com/hashtag/askalex] #askalexmm [https://www.youtube.com/hashtag/askalexmm]

01. mai 2023 - 4 min
Enkelt å finne frem nye favoritter og lett å navigere seg gjennom innholdet i appen
Enkelt å finne frem nye favoritter og lett å navigere seg gjennom innholdet i appen
Liker at det er både Podcaster (godt utvalg) og lydbøker i samme app, pluss at man kan holde Podcaster og lydbøker atskilt i biblioteket.
Bra app. Oversiktlig og ryddig. MYE bra innhold⭐️⭐️⭐️

Tidsbegrenset tilbud

3 Måneder for 9,00 kr

Deretter 99,00 kr / MånedAvslutt når som helst.

Eksklusive podkaster

Uten reklame

Gratis podkaster

Lydbøker

20 timer i måneden

Kom i gang

Bare på Podimo

Populære lydbøker