Ashin Zanita (Mettadipa Sayadaw)
မြတ်ဌာနီ ဗုဒ္ဓဓမ္မ သံဃစုံညီ သဒ္ဒါရိုကျိုးမြတ်နိုးပါသည်။ ဆရာမိဘ အနန္တဂုဏ်ရည် ဦးနှိမ်ချိုးရှိခိုးမြတ်ဌာနီ။ မေတ္တာဒီပပုညစာဂီ ဩဇီတဝှမ်းထုံလွှမ်းပါသည်။ မဆုတ်မနစ်အုတ်မြစ်ခိုင်တည် ရှင်ဇနိတတည်ထားမြတ်ဌာနီ။ ဆင်းရဲဒုက္ခမုချစုံညီ အိုခြင်းနာခြင်းမကင်းပါသည်။ သံသရာရေးမျော်တွေးကာရည် ရှင်ဇနိတဆုံးမမြတ်ဌာနီ။ ဂုဏ်တော်ထုံမွှမ်းပရိတ်ပဋ္ဌာန်းစုံညီ ရန်စွယ်အများကျော်လွှားယုံကြည်။ ကျောင်းတော်တဝှမ်းမရပ်တန်းထုံကြည် ဘေးမသန်းအေးချမ်းမြတ်ဌာနီ။ ဗုဒ္ဓဆုံးမကုလဂုဏ်ရည် ရင်သွေးငယ်များဆင့်ပွါးပါသည်။ များလှကောင်းကျိုးသယ်ပိုးစေမည် အနာဂါတ်ရေးသင်ပေးမြတ်ဌာနီ။ ဥပါသကာများအားထားယုံကြည် ကျောင်းတိုက်တော်အားမနားကူညီ။ သာသနာကျိုးသယ်ပိုးပါသည် ကုသိုလ်အရေးမနှေးမြတ်ဌာနီ။ လောဘဒေါသမောဟဟူသည် ပယ်သက်ရှင်းမှလွတ်ကင်းကြမည်။ မဂ္ဂင်၈ပါးစဉ်ပွါးသာကီ အကျင့်မြတ်သင့်အတွက်မြတ်ဌာနီ။ (အရှင်ဇယန္တ) 8/5/2021 ဂီတမှူး- စန္ဒယား ခွန်ဇာနည် တေးဆို - ရွှေယမင်းဦး တေးပြုသံစဉ်- လင်းကျော် ★ Support this podcast ★ [https://www.buymeacoffee.com/aungmoe]
Kommentarer
0Vær den første til å kommentere
Registrer deg nå og bli medlem av Ashin Zanita (Mettadipa Sayadaw) sitt community!