Forsidebilde av showet The Healing Path_Myanmar

The Healing Path_Myanmar

Podkast av The Healing Path_Myanmar

burmesisk

Historie & religion

Tidsbegrenset tilbud

2 Måneder for 19 kr

Deretter 99 kr / MånedAvslutt når som helst.

  • 20 timer lydbøker i måneden
  • Eksklusive podkaster
  • Gratis podkaster
Kom i gang

Les mer The Healing Path_Myanmar

ကပ်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ သက်သာပျောက်ကင်းနဲ့ ခံနိုင်ရည်စွမ်းအားမြင့်တင်စေမည့် အကြောင်းအရာများကို ဆက်တိုက် တင်ဆက်ပေးပါမယ်ခင်ဗျာ။ During the crisis in Myanmar(Burma), We will continue to present content that will improve mental healing and increase resilience among the people.

Alle episoder

30 Episoder

episode 30. စိတ်ဒဏ်ရာဆိုတာ ဘာလဲ ဘာနဲ့ တူသလဲ cover

30. စိတ်ဒဏ်ရာဆိုတာ ဘာလဲ ဘာနဲ့ တူသလဲ

ကျွန်တော် စိတ်အနာ စိတ်ဒဏ်ရာအကြောင်းကို နည်းနည်းလေးတင်ပြချင်ပါတယ်. အဲ့ဒီတော့ အဲ့ဒါမတင်ပြခင်မှာ စိတ်အနာ မဟုတ်ရင်လဲ စိတ်ဒဏ်ရာ English လိုက Traumaပေါ့ဗျာ အဲ့တာဘာနဲ့တူလဲပေါ့ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကျွန်တော်တို့ဆွေးနွေးကြတဲ့အခါမှာ စိတ်အနာ စိတ်ဒဏ်ရာဟာ အို မီးဖုံးနေတဲ့ အော်ပြာဖုံးနေတဲ့မီးနဲ့တူတယ်လို့ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲမြုံနေတဲ့အနာနဲ့တူတယ် တူတယ်လို့ပြောတယ်တဲ့လူတွေရှိတယ် မဟုတ်ရင်လဲကွဲသွားတဲ့ဖန်ကပ်တ ဖန်ခွက်တွေနဲ့တူတယ်လို့ ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲ တအုံနွေးနွေးလောင်နေတဲ့မီးနဲ့တူတယ်လို့ ပြောတဲ့လူတွေလဲရှိတယ် အဲ့ဒီတော့ စိတ်ဒဏ်ရာအတွက်ကျွန်တော်တို့ပြောတဲ့အခါမှာ ကျွန်တော်တဲ့ရဲ့ တင်စားမှုတွေက အမျိုးမျိုးရှိပြီးတော့ အဲ့ဒီတင်စားမှုတွေအားလုံးဟာလဲ ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာဆိုတာ ဘာလဲဆိုတာ ပိုနားလည်ဖို့အတွက် ကျွန်တော်တို့ကိုအထောက်အကူပေးပါတယ် အဲ့ဒီတော့ စိတ်အနာ စိတ်ဒဏ်ရာဟာ ဘာလဲ ကျွန်တော် စိတ်အနာအကြောင်း စိတ်ဒဏ်ရာအကြောင်း ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ ခန္ဓာကိုယ် အနာဖြစ်တဲ့အကြောင်းကို ကျွန်တော်တို့ ပြန်စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့လည်း အများကြီးအထောက်အကူဖြစ်တယ် ဥပမာ ခန္ဓာကိုယ်အနာဖြစ်တာကို ကျွန်တော်လဲ နည်းနည်း အိုနည်းနည်းလေးတင်ပြချင်တယ် ဒီနေရာမှာ ကျွန်တော့်ရဲ့ဒီနေရာမှာ ဘာအနာမှမရှိဘူး ကျွန်တော့်ရဲ့အရေပြားက ချော့မွေ့နေတယ် ဘာမှမရှိဘူး ဒါမဲ့ ဒီနေရာကို ကျွန်တော်ကဒီဘောပင်နဲ့ ဖွင့်တောင်မဖွင့်ထားဘူး ဒီဘောပင်အတုံးနဲ့ ကျွန်တော်ပွတ်တယ်ဆိုရင် များသောအားဖြင့် အနာမဖြစ်ဘူးလို့ထင်ကောင်းထင်လိမ့်မယ် သို့လဲ ကျွန်တော်ဒီအတိုင်းဖိပြီးတော့ ဆွဲလိုက်ပြီဆိုလျှင် တစ်ချက်တည်းနဲ့လဲ စိတ်ရဲ့အနာကဖြစ်သွားနိုင်တယ် အဲ့လိုမဟုတ်ဘဲနဲ့ ကျွန်တော်က ဖြည်းဖြည်းလေးပွတ်တယ် အာ ဖြည်းဖြည်းလေးပွတ်ရင်တော့ ဘယ်အနာဖြစ်မလဲ မဟုတ်ဘူး ဒီဖြေးဖြေးလေးလဲ ကျွန်တော်အကြိမ်ဖန်များစွာ ကျွန်တော်ပွတ်နိုင်မယ်ဆိုရင် ပွတ်နေမယ်ဆိုရင် ဒီနေရာကအနာဖြစ်သွားမယ် ထိုနည်းတူစွာဘဲ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့အရာတွေ အခု စိတ်ဒဏ်ရာကိုဖြစ်စေတဲ့အရာတစ်ခုကြီးကြီးမားမားတစ်ခု ကျွန်တော်တို့ကြုံတွေ့လိုက်ပြီဆိုရင် တစ်ခါထဲနဲ့လဲကျွန်တော်တို့ စိတ်ထဲမှာအနာဖြစ်သွားနိုင်တယ်ဟို ဖြည်းဖြည်းလေးကျွန်တော်တို့ကြုံတွေရတဲ့အရာတွေများစွာရှိတယ် အဆင်မပြေတာတွေ ဖိအားတွေ နာကျင်မှုတွေအကြမ်းဖက်မှုတွေ များစွာကျွန်တော်တို့ကြုံနေရပြီးတော့ ဖြည်းဖြည်း ဖြည်းဖြည်းချင်း လာနေတာဘဲ ဒါပေမယ့်တစ်ချိန်ရောက်တဲ့အခါမှာ နောက်ဆုံးအဲ့ဒီ အချက်တစ်ချက်မှာဘဲ ပွင့်သွားသလိုပဲ ဒီခန္ဓာကိုယ်တွေက ပွင့်သွားသလိုပဲစိတ်ကအနာကပွင့်သွားပြီးတော့ စိတ်အနာ အနာရတာဖြစ်သွားတယ် စိတ်ဒဏ်ရာရတယ် ရသွားတယ်လို့ ကျွန်တော်တို့ပြောလို့ရပါတယ် အဲ့ဒီတော့ စိတ်အနာ စိတ်ဒဏ်ရာ ဟာ ဘာကြောင့်ဖြစ်တာလဲလို့ ကျွန်တော်တို့ပြောလို့ရှိရင်တော့ အား ဒီလာထိခိုက်တဲ့အရာကြောင့် လို့ကျွန်တော်တို့ပြောကောင်းပြောလိမ့်မယ် တစ်ကယ်ဆိုရင်တော့နှစ်ခုလုံးဘဲ ဒီလာထိတဲ့အရာရော ကျွန်တော့်အရေပြားရဲ့ခံနိုင်ရည်ရော ဥပမာ ကျွန်တော့်ရဲ့အရေပြားကို ဒီဘောပင်နဲ့ အကြိမ် ၁၀၀ ဆွဲမှ ပွန်းသွားမယ့် ပွင့်သွားမယ့်အနာဖြစ်သွားမယ်လို့ပြောတဲ့အခါမှာ တစ်ခြားတစ်ယောက်က အကြိမ် ၁၂၀ လောက်ထိ ဆွဲတဲ့အထိဒီ ဒီပြင်းအား ဒီဖိအားနဲ့ ခံနိုင်တဲ့အနေအထားမျိုးရှိနိုင်မယ် ပြောချင်တာကတော့ စိတ်အနာလို့ပြောတဲ့အခါမှာ ကျွန်တော်တို့ကိုလာပြီးတော့ သက်ရောက်တဲ့အရာရော ကျွန်တော်တို့တွေရဲ့ခံနိုင်ရည်စွမ်းအား စိတ်ထဲမှာရှိတဲ့ခံနိုင်ရည်စွမ်းအားရော အပေါ်မှာမူတည်ပြီးတော့ အဓိပ္ပယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ စိတ်အနာကနက်ရှိုင်းတဲ့ သာမန်မဟုတ်တဲ့ ထိတ်လန့်မှု ၊ နာကျင်မှု အန္တာရယ်ကိုကြုံရတဲ့အခါမှာကိုယ့်ရဲ့ စိတ်ကမခံနိုင်တော့ဘဲနဲ့ ပုံစံပြောင်းသွားတယ် အခြေအနေ ပြောင်းသွားတယ် အရမ်းနာကျင်သွားတယ် အဲ့ဒီကိစ္စက စိတ်အနာလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်များ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

27. april 2023 - 4 min
episode 29. ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် သစ်နက်ဟန် cover

29. ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် သစ်နက်ဟန်

အပိုင်း(၁၁) - ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် ++++++++++++++++++++++++++++++++++++ ခင်ဗျားတို့ နေ့စဥ်ဘဝရဲ့ အချိန်တိုင်းမှာ တရားကျင့်စဥ် တွေ ကျင့်နေလို့ ရပါတယ်။ မနက်စာ စားဖို့ တန်းစီနေတုန်း ဖြစ်စေ၊ ညအိပ်ခါနီး လူရေဖို့ တန်းစီနေတုန်း ဖြစ်စေ သတိနဲ့ အသက်ရှုတာ ကို လေ့ကျင့်လို့ရတယ်။ အချိန်တိုင်းဟာ တည်ကြည်မှု၊ ငြိမ်းချမ်းမှု ရဖို့ လေ့ကျင့်နိုင်တဲ့ အချိန်ကောင်းတွေပါ။ ဘဝရဲ့ အချိန်ကောင်းတွေကို မဖြုန်းသင့်ပါဘူး။ သတိကျင့်စဥ် တွေကို ကျင့်လို့ ရက်အနည်းငယ် အတွင်းမှာပဲ ခင်ဗျားရဲ့ မိတ်ဆွေတွေဟာ ခင်ဗျားရဲ့ ထူးခြားမှုတွေကို သတိထားမိလာပါလိမ့်မယ်။ ခင်ဗျား ရှိနေရင် အေးချမ်းမှု ရတာမျိုးပေါ့။ သူတော်စင် တယောက် အနားရောက် နေသလိုပဲ လို့တောင် ပြောကြတာ ကြုံရလိမ့်မယ်။ . ကျနော် ခင်ဗျားတို့ကို ပုံပြင်လေး တခု ပြောပြမယ်။ ဒီပုံပြင်လေးကို ကျနော် အသက် ၇နှစ်သား ကိုရင် စဝတ်တုန်းက ဖတ်ဖူးတာ။ ဒီပုံပြင်တွေကို ဇတက (ဇာတ်တော်) တွေလို့ ခေါ်တယ်။ ဗုဒ္ဓရဲ့ အတိတ်ဘဝ ဇာတ်လမ်းတွေပေါ့။ ဘဝတခုမှာ ဘုရားလောင်းဟာ ငရဲ ကျနေတယ်။ သူကျတဲ့ ငရဲမှာ ငရဲသားတွေဟာ ကျောက်တုံးကြီးတွေကို ရွှေ့ရတယ်။ သူတို့ အမှားတခုခု လုပ်ရင် သူတို့ကို စောင့်တဲ့ ငရဲစောင့်က ခရင်းခွနဲ့ ရင်ဝကို ထိုးသတ်တယ်။ အဲဒီ အခါမှာ ငရဲသားဟာ အကြီးအကျယ် နာကျင်ပေမဲ့ မသေဘူး။ ဒါဟာ သူတို့ရဲ့ ပြစ်ဒဏ် တမျိုးပေါ့။ . တနေ့မှာတော့ ငရဲစောင့် တယောက်ဟာ သူတို့တွေ ကျောက်တုံးတွေ ရွှေ့နေတာကို နှေးတယ် ဆိုပြီး နောက်ကနေ လိုက်တွန်းတယ်။ ငရဲသားတယောက်က အားနည်းပြီး သူသယ်ရမဲ့ ကျောက်တုံးကို ကောင်းကောင်း မသယ်နိုင်ဘူး။ အဲဒီတော့ ငရဲစောင့်က ငရဲသားကို ခရင်းခွနဲ့ ထိုးမယ် လုပ်တယ်။ ဒါကို မြင်တဲ့ ဘုရားလောင်းရဲ့ ရင်ထဲမှာ တစုံတရာသော ခံစားမှု ဖြစ်လာတယ်။ သူဝင်ပြောရင် သူ့ကို ခရင်းခွနဲ့ အထိုးခံရမယ်၊ သေလုနီးပါး နာကျင်ပြီး မသေဘူး ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဟိုငရဲသား အထိုးမခံရရင် တော်ပြီ ဆိုတဲ့ စိတ်နဲ့ ငရဲစောင့်ကို ပြောလိုက်တယ်။ "‌ခင်ဗျားမှာ နှလုံးသား မရှိဘူးလား၊ သူ့ကို အချိန်နည်းနည်း ပေးလိုက်ပါလား" လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ ငရဲစောင့်က သူ့ရင်ဝကို ခရင်းခွနဲ့ ထိုးလိုက်တယ်။ ခရင်းခွနဲ့ ထိုးခံရတဲ့ ဘုရားလောင်းဟာ ချက်ချင်းသေသွားပြီး ငရဲကလွှတ်သွားတယ်။ လူအဖြစ် တဖန် ဝင်စားတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ဤဇာတ်တော် သည် မဟာယန ဇာတ်တော် တပုဒ် ဖြစ်သည်။ ) . ဘုရားလောင်းဟာ ‌သေမလောက် နာကျင်မယ် မှန်း သိရက်နဲ့ ငရဲစောင့်ကို သူ့အဖော် ငရဲသားအတွက် ဝင်ပြောပေးခဲ့တယ်။ သူဒီလို လုပ်ရင် ငရဲက လွတ်မယ် ဆိုတာလည်း မသိဘူး။ မျှော် လင့် ချက်လည်း မရှိဘူး။ သူဟာ မတရားမှုကို တွေ့တယ်။ မတရားမှုကြောင့် သူတပါး ဒုက္ခရောက်ရမှာ မလိုလားဘူး။ သူ့မှာ ကြင်နာမှု တရား (ဂရုဏာ) ရင်ထဲ ပေါ်လာတယ်။ ဒီကြင်နာခြင်းကပဲ သူ့ကို ငရဲကလွှတ်ပြီး လူဖြစ်အောင် လုပ်ပေးလိုက်တာပဲ။ အဲဒီ အချိန်က စပြီး ဘုရားလောင်းဟာ ဘဝ ဆက်တိုင်း ကြင်နာမှုကို ဦးစီးပြီး တရားတွေ ကျင့်လိုက်တာ နောက်ဆုံး ဘဝမှာ ဘုရား (ဗုဒ္ဓ) ဖြစ်လာတယ်။ ငရဲလည်း ထပ်မကျတော့ဘူးတဲ့။ ဒီတော့ ဗုဒ္ဓ တောင်မှ ငရဲလို အဆိုးဆုံး ဒုက္ခကို ကြုံခဲ့ဖူးတယ်။ သူ့ရဲ့ ကြင်နာမှု ကြောင့်သာ ငရဲကနေ လွှတ်မြောက်ခဲ့ရတာ။ ဒါကြောင့် ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ်လို့ ဆိုချင်ပါတယ်။ . ကျနော်တို့ ဗုဒ္ဓ စာပေ မှာ အလွန်ကြင်နာမှုကြီးပြီး အများအတွက် အမြဲ နားစွင့်နေတဲ့ "အဝလောကိတေသွာရ" ဆိုတဲ့ ဗောဓိသတ်ဘုရားလောင်း တဆူ ရှိတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ထေရဝါရ အယူအရ လောကနတ် ခေါ်ပြီး မဟာယန အယူအရ ကွမ်ယင် ဟုလည်းခေါ်သည်။) သူက ပုံစံ အမျိုးမျိုးကို အသွင်ယူ ပြောင်းနိုင်တယ်။ ‌ယောကျ်ား၊ မိန်းမ၊ ကလေး၊ နာနာဘာဝ စသဖြင်ပေါ့။ သူက ဘယ်လိုပဲ အသွင်ယူပြီးနေနေ သူရဲ့ အတွင်းစိတ် အကြင်နာကြီးမှု ကတော့ မပြောင်းဘူး။ တခါမှတော့ သူဟာ ကြောက်မက်ဖွယ်ရာ မျက်နှာနဲ့ ပြိတ္တာအဖြစ် အသွင်‌ပြောင်းနေတယ်။ ဘာလို့လဲ ဆိုတော့ တခြားပြိတ္တာတွေကို ကူညီချင်တဲ့အတွက် ဖြစ်တယ်။ ဘယ်လိုပဲ ကြောက်စရာ ကောင်းပါစေ၊ အတွင်းစိတ်မှာ ဂရုဏာ ကြီးသူ ဖြစ်နိုင်ပါတယ်။ . ကျနော်တို့ အများစုဟာ မိမိကို သူတပါးက ရန်ပြုမှာ ကြောက်တယ်၊ ဒါကြောင့် ကိုယ့်ဟာ ရက်စက်သူ၊ ကြမ်းတမ်းသူ အဖြစ် ဟန်လုပ်နေတတ်ကြတယ်။ ဒါပေမဲ့ အတွင်းမှာတော့ ဗောဓိသတ် လိုပဲ ကြင်နာတတ်၊ စာနာတတ်တဲ့ စိတ်တွေ ရှိနေတတ်ပါတယ်။ ကြင်နာစိတ် မရှိရင် ကျနော်တို့ဟာ ဒုက္ခ ပိုခံရပြီး ကိုယ့် ပတ်ဝန်းကျင်ကိုလည်း ဒုက္ခ ပေးမိတတ်တယ်။ ကြင်နာစိတ်နဲ့ ဆိုရင်တော့ တခြား သက်ရှိတွေ အပေါ် စာနာတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း ဒုက္ခ နည်းစေတယ်။ . ခင်ဗျားဟာ ကြင်နာစိတ်၊ မေတ္တာစိတ်တွေနဲ့ လွှမ်းခြုံပြီး နေမယ် ဆိုရင် ခင်ဗျားနေတဲ့ ပတ်ဝန်းကျင်ဟာ အလုံခြုံဆုံး ဖြစ်မှာပါ။ ကြင်နာမှုကို မျက်လုံးက ဖော်ပြနိုင် သလို ခင်ဗျား အမှုအရာတွေကလည်း ပြနိုင်ပါတယ်။ လမ်းလျှောက်တာ၊ နေတာ၊ စားတာ၊ ပြုံးတာ၊ ဆက်ဆံတာတွေကနေ သိနိုင်တယ်။ ကြင်နာခြင်း မေတ္တာဟာ အကောင်းဆုံး ကိုယ့်ဘာသာ ကာကွယ်ရေး စနစ်ပါ။ ကူးစက်တာလည်း မြန်တယ်။ ကို --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

20. juli 2022 - 5 min
episode 28. ကျေးဇူးသိသောအခါ သင် ဒုက္ခမရောက်ပါ သစ်နက်ဟန် cover

28. ကျေးဇူးသိသောအခါ သင် ဒုက္ခမရောက်ပါ သစ်နက်ဟန်

ကျနော် အမေရိကန်ကို ရောက်လာတော့ တခု သတိထားမိတယ်။ ဒီနိုင်ငံမှာ စားစရာ အလွန်ပေါတယ်။ အမျိုးအစားလည်း အလွန်စုံလင်တယ်။ ဒါပေမဲ့ စားသောက်ဖို့ အချိန်တော့ အတော်ရှားတယ်။ တကယ်တော့ စားသောက်ခြင်းဟာ ‌အများကြီး အားမစိုက်ရဘဲ စိတ်ချမ်းသာစေနိုင်တဲ့ နေ့စဥ်ကိစ္စတခုပါ။ ကျန်းမာအောင်လည်း အများကြီး စားဖို့ မလိုဘူး။ . ကျနော် အစာတခုခုကို တူနဲ့ ဖြစ်ဖြစ်၊ ဇွန်းနဲ့ ဖြစ်ဖြစ် ကောက်ယူလိုက်ပြီးရင် ခဏလောက် ကိုယ်ယူလိုက်တဲ့အစာကို ကြည့်လိုက်တယ်။ တစက္ကန့်လောက် ဆိုရင်တောင် လုံလောက်တယ်။ စိတ်တွေ လွှင့်မနေဘူးဆိုရင် ချက်ချင်းပဲ ဒါဟာ ပေါင်မုန့်၊ ပဲသီး၊ မုန်လာဥ စသဖြင့် သိလိုက်တယ်။ ပြီးရင် အစာကို ပြုံးပြလိုက်တယ်။ ပြီးရင် ပါးစပ်ထဲ ထည့်ပြီး သတိရှိရှိ စိတ်ပါလက်ပါ ဝါးလိုက်တယ်။ ဒီစားနေတာကလွဲရင် ဘာကိုမှလည်း မကြည့်ဘူး၊ မတွေးဘူး။ ဒီမှာပဲ စိတ်ထားတယ်။ . သတိအကျင့်ဆိုတာ ဘာလုပ်လုပ် သတိနဲ့ လုပ်တာ ပါပဲ။ အစားစားတဲ့အခါလည်း သတိနဲ့စားတော့ ပျော်ရွှင်မှု၊ တည်ကြည်မှု၊ ဘဝဖြစ်တည်မှု စတာတွေက သူတို့ဘာသာ ပေါ်လာတယ်။ အဲလို မိနှစ်နှစ်ဆယ်လောက် စားလိုက်ပြီးရင် ကျနော်ဟာ တနေ့တာ အတွက် အားပြည့်သွားပြီ လို့ ခံစားရတယ်။ ကိုယ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ၊ အကျင့်ပိုင်းဆိုင်ရာမှာလည်း အားပြည့်သွားတယ်။ ဒါကြောင့် အစာစားခြင်းဟာ အလွန်လေးနက်တဲ့ ကျင့်စဥ် လို့ ကျနော်ကပြောတာ။ . ကျနော်နေတဲ့ ဇီးကုန်းရိပ်သာမှာဆိုရင် အချိန်ယူပြီး စားသောက်ကြတယ်။ အတူတူ စုစားတယ်။ ညီညီညာညာ ထိုင်ပြီး လူစုံအောင် စောင့်တယ်။ လူစုံမှ စပြီး စားကြတယ်။ အဲလို ကိုယ့်ဘေးက ညီနောင်နှမ ရဟန်းတွေက သတိရှိရှိ စားနေကြတဲ့အခါ၊ ကိုယ်ဟာလည်း သတိအကျင့် နဲ့စားဖို့ အလိုလို အထောက်အကူ ဖြစ်လာတာပေါ့။ အစာ မစားခင်တိုင်းမှာ ကျနော်တို့က အစာနဲ့ပတ်သက်ပြီး ငါးချက် ဆင်ခြင်တယ်။ . ဆင်ခြင်ဖွယ်ရာ ငါးချက် +++++++++++++ ဤအစာသည် ‌မြေကြီး၊ ကောင်းကင်နှင့် များစွာသောလူတို့ ၏ ပြင်းထန်သောအားထုတ်မှုမှ ရလာသော လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်ကို လက်ခံနိုင်လောက်အောင် ထိုက်တန်သူ အနေဖြင့် ဂရုစိုက် သုံးဆောင်မည်။ ဤအစာကို အလောတကြီးစားသုံးခြင်းမှ ရှောင်ကြဥ်ပြီး မျှတရုံသာ သုံးဆောင်မည်။ ဤအစာသည် အာဟာရ ဖြစ်စေပြီး နာမကျန်းမှုကို ကာကွယ်ပေးနိုင်ပါစေ။ ဤအစာသည် မေတ္တာနှင့် (တရား)အကျင့် တို့ကို လမ်းပြပေးသော အရာ အဖြစ်သာ မှီဝဲသုံးဆောင်ပါမည်။ . ပထမဆင်ခြင်မှုကတော့ ရှင်းပါတယ်။ ဒီအစားအစာတွေက ကောင်းကင်နဲ့ ‌မြေကြီး ကလာတယ်။ လူအများ လုပ်အားကြောင့် အခုလို အသင့်စားသုံးဖို့ ဖြစ်လာတယ်။ ဒါကြောင့် ကောင်းကင်၊ မြေကြီးနဲ့ လူအပေါင်းရဲ့ လက်ဆောင်ပါ။ . ဒုတိယ ဆင်ခြင်မှုကတော့ ကိုယ်ရတဲ့လက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ပါ။ တန်ဖိုးရှိတဲ့လက်ဆောင်ကို လက်ခံနိုင်အောင် ထိုက်တန်သူ ဖြစ်ဖို့ သတိရှိရှိ စားသုံးသင့်တယ်။ ကျေးဇူးတင်သင့်တယ်။ ဥပမာ ပဲပင်လေး တပင်ပဲ ဆိုပါစို့။ ဒီအပင်လေး ဖြစ်လာဖို့ မြေကြီးနဲ့ ကောင်းကင်က လနဲ့ချီပြီး ပျိုးထောင်ခဲ့ရတာ။ ဒါလေးကို သတိနဲ့ စားနေတဲ့အခါမှာ သူရဲ့ ထူးခြားချက်တွေကို သိလာမယ်၊ ကျေးဇူးတင်တတ်လာမယ်။ စားနေရင်းနဲ့ အတိတ်၊ အနာဂတ်တွေကို တွေးပူမနေသင့်ပါဘူး။ စားချိန်မှာ စားတာကိုပဲ အာရုံစိုက်ပါ။ အဲလို သတိရှိရှိ စားသုံးခြင်းဖြင့် လက်ဆောင်ကို ထိုက်တန်သူ ဖြစ်လာပါတယ်။ . တတိယ ဆင်ခြင်မှုကတော့ အလွန်အကျွန် မလုပ်ဖြစ်ဖို့ ဆင်ခြင်တာပါ။ အစားစားတဲ့အခါ တခါတလေမှာ လွန်သွားတတ်တယ်။ လိုတာထက် ပိုစားတယ်၊ လောဘတကြီးစားတတ်ကြတယ်။ ဒါကြောင့် သင့်တင့်မျှတအောင် စားဖို့ ဆင်ခြင်ရတာပါ။ ကျနော်တို့ ဇီးကုန်းရိပ်သာမှာတော့ လူတိုင်းဟာ သပိတ်တလုံးစီနဲ့ စားကြတယ်။ ကိုယ့်သပိတ်ထဲမှာ အစာ ဘယ်လောက် ရှိရင် သင့်တော်ပြီ ဆိုတာ ကျနော်တို့က သိတယ်။ သပိတ်ဆိုတာ ကျနော်တို့ ရဟန်းတွေအတွက် အစာ မျှတအောင် စားတတ်ဖို့ တိုင်းတဲ့ ကိရိယာလို့ တောင် ပြောလို့ရတယ်။ အစာ စားတာ မလွန်ဖို့ အလွန် အရေးကြီးပါတယ်။ ဖြည်းဖြည်းစားမယ်၊ သေသေချာချာ ဝါးမယ် ဆိုရင် အစာနည်းနည်းကလည်း အာဟာရ အများကြီး ရနိုင်ပါတယ်။ သင့်တင့်သော ပမာဏကသာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ . စတုတ္ထ ဆင်ခြင်မှုကတော့ ဤအစာကိုစားခြင်းကြောင့် ဖြစ်လာမဲ့ အရည်အသွေးကို ဆင်ခြင်တာပါ။ အဟာရဖြစ်စေရမယ်၊ ကျန်းမာဖို့အတွက် ဖြစ်စေရမယ်။ သည်လို အစာတွေကိုပဲ စားတယ်။ မိမိကိုယ်ကိုနဲ့ သူတပါးကို အဆိပ်အတောက် ဖြစ်စေတဲ့ အစာတွေ၊ မေတ္တာ ခေါင်းပါးစေတဲ့ အစာတွေ မစား သုံးဘူးပေါ့။ လောဘစိတ်၊ ဒေါသစိတ်နဲ့ စားရင် ဒါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိစိတ်နဲ့ စားတတ်အောင် ဆင်ခြင်တာပါ။ ‌ဗုဒ္ဓက ဟောခဲ့တယ်။ အစားအသောက် စားခြင်းကြောင့် မေတ္တာ ခေါင်းပါးလာရင် မိမိရဲ့ ရင်သွေး အသားကို စားရသလိုပါပဲ တဲ့။ ဒါကြောင့် မေတ္တာ၊ ဂရုဏာ ဖြစ်အောင် စားတတ်ဖို့ လေ့ကျင်သင့်ပါတယ်။ . နောက်ဆုံး ဆင်ခြင်မှုကတော့ ဘာကြောင့် စားနေသလဲ ဆိုတာကို ဆင်ခြင်တာပါ။ ကျနော်တို့ ရဟန်းဘဝမှာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ လူတွေကို ဒုက္ခနည်းအောင် ကူညီ တရားပြဖို့၊ လူတွေကို ငြိမ်းအေးမှုနဲ့ ထိ‌တွေ့ နိုင်အောင် ကူညီဖို့ စသဖြင့်ပေါ့။ ဒီလို လူတွေကို ကူညီနိုင --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

20. juli 2022 - 6 min
episode 27. အပြုံးကျင့်ပါ cover

27. အပြုံးကျင့်ပါ

ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ "အသက်ရှုသွင်းတယ်၊ ငါပြုံးနေတယ်" ဆိုပြီး ကျင့်ခိုင်းတော့ ကျနော့်ကို လူအများက မေးခွန်းထုတ်ကြတယ်။ "ရင်ထဲမှာ အပျော်မရှိဘဲနဲ့ ဘယ်လို ပြုံးလို့ရမလဲ" တဲ့။ အပြုံးကို လေ့ကျင့်ခန်းလို လုပ်ပါ လို့ပဲ ဖြေရမှာပဲ။ ကျနော်တို့ မျက်နှာမှာ ကြွက်သားပေါင်း သုံးရာကျော် ရှိတယ်။ စိတ်ဆိုးတဲ့အခါ၊ ကြောက်တဲ့အခါတွေမှာ အဲဒီကြွက်သားတွေက တင်းနေတယ်။ အဲဒီ တင်းမာမှုက လူကိုလည်း တင်းမာစေတယ်။ ပြုံးလိုက်တဲ့အခါ အဲဒီတင်းမာမှုတွေဟာ လျော့ကျ ပြေပျောက် သွားတယ်။ ဒါကြောင့် ဒီအသက်ရှုရင်း ပြုံးတဲ့ လေ့ကျင့်ခန်းကို "ပါးစပ် ယောဂ" (Mouth Yoga) လို့ တင်စားခေါ်ကြတာ။ ဒါကြောင့် အပြုံးကျင့်ပါ။ အသက်ရှုသွင်းရင်း (တဝက်ပဲ ဖြစ်ဖြစ်) ပြုံးကြည့်ပါ။ တင်းနေတာတွေ လျော့သွားပြီး နေလို့ အတော်ကောင်းသွားပါလိမ့်မယ်။ . ကိုယ့်ပျော်ရွှင်မှုကြောင့် ပြုံးရတဲ့အချိန်တွေ ရှိသလို ကိုယ့်အပြုံး ကြောင့် ပျော်ရတဲ့အချိန် တွေလည်း ရှိတယ်။ ကျနော်ကတော့ ပျော်လာမဲ့အချိန်ထိ မစောင့်တော့ဘူး။ အရင်ဦးအောင် ပြုံးထားလိုက်တယ်။ အပျော်က သူ့ဘာသာ လာပါလိမ့်မယ်။ တခါတလေ ကျနော်တယောက်တည်း အမှောင်ထဲမှာ အပြုံး လေ့ကျင့်တတ်တယ်။ အဲလို ကျင့်ခြင်းဟာ ကိုယ့်ဘာသာ ကြင်နာရာ ရောက်တယ်၊ ဂရုစိုက်ရာ၊ ချစ်ရာလည်း ရောက်တယ်။ ကျနော့်တို့ဟာ ကိုယ့်ဘာသာ ဂရုမစိုက်တတ်ဘူး ဆိုရင် ကျနော်တို့ သူတပါးကိုလည်း ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ . ကိုယ့်ဘာသာ ကြင်နာတတ်ခြင်းဟာလည်း အလွန် အရေးကြီးတဲ့ လေ့ကျင့်ခန်းတခုပါ။ ပင်ပန်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ မုန်းတီးမှုဖြစ်နေတဲ့အခါ၊ ကိုယ့်ခန္ဓာကို (စိတ်က) ပြန်လာတတ်ပြီး ဒီ ပင်ပန်းမှု၊ ဒေါသ၊ အမုန်းတွေကို ဂရုစိုက်တတ်ဖို့ လိုတယ်။ ကိုယ့်ဘာသာ ကြင်နာတတ်ဖို့လိုတယ်။ ဒါကြောင့်လည်း ကျနော်တို့ သတိအကျင့်နဲ့ ပြုံးတတ်အောင်၊ လမ်းလျှောက်တတ်အောင်၊ အသက်ရှုတတ်အောင်၊ စားတတ်အောင် လေ့ကျင့်နေရတာပါ။ --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

22. juni 2022 - 1 min
episode 26.အံ့ဖွယ်အချိန် cover

26.အံ့ဖွယ်အချိန်

ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ ခင်ဗျားတို့ကို အသက်ရှုလေ့ကျင့်ခန်းတခု ကျနော် မျှဝေချင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခင်ဗျားတို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ အထောက်အကူ အများကြီး ပေးမယ်လို့ ယုံကြည်ပါတယ်။ . အသက်ရှုသွင်းတယ်၊ ရှုသွင်းနေတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ရှုထုတ်နေတာကို သိနေတယ်။ အသက်ရှုသွင်းတယ်၊ ဝင်လေ နက်နဲလာတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ထွက်လေ နှေးလာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ လျော့ချလိုက်တယ်။ အသက်ရှုထုတ်တယ်၊ သက်သာ ပေါ့ပါး လာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ ငါ ပြုံးနေတယ်။ အသက်ရှုထုတ်တယ်၊ လွှတ်ချလိုက်တယ်။ အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ နေတယ်။ အသက်ရှုထုတ်တယ်၊ အံဖွယ်အချိန် ပါလား။ . ဒီနည်းကို "ဝင်၊ထွက်၊ နက်နဲ၊ နှေးလာ၊ လျော့ချ၊ သက်သာ၊ ပြုံးနေ၊ လွှတ်ချ၊ ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" (In, Out, Deep, Slow, Calm, Ease, Smile, Release, Present Moment, Wonderful Moment)လို့ အနှစ်ချုပ် မှတ်ထားလည်း ရတယ်။ . ပထမဆုံး ဝင်၊ထွက် ကို လေ့ကျင့်ကြည့်မယ်။ အသက်ရှုသွင်းလိုက်တဲ့အခါ ကိုယ့်စိတ်ထဲက "ဝင်တယ်" လို့ တိုးတိုးဆိုပါ။ အဲဒီအခါမှာ အသက်ရှုနေတဲ့ ‌ဝင်လေ တိုးဝင်နေတာကို သတိထားမိမယ်။ အသက်ရှုထုတ်လိုက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲက "ထွက်တယ်" လို့ တိုးတိုးဆိုပါ။ ထွက်လေကို သတိထားမိမယ်။ ဒီစကားလုံးတွေက လက်ရှိကာလကို ပြန်ပြန်လာဖို့ အထောက်အကူ ပြု စကားလုံးတွေပါ။ အခုလို "ဝင်တယ်၊ ထွက်တယ်" ဆိုတဲ့လေ့ကျင့်ခန်းကို စိတ်တည်ငြိမ် အေးချမ်းလာတဲ့အထိ ခဏ လုပ်လိုက်ပါ။ . အဲလို စိတ်ငြိမ်လာတဲ့အခါ နောက်တခါ ဝင်လေမှာ "နက်နဲတယ်"၊ ထွက်လေမှာ "‌နှေးကွေးတယ်" လို့ ပြောင်းလို့ရပါပြီ။ အသက်ကို သတိရှိရှိနဲ့ ရှုသွင်း၊ ရှုထုတ်လုပ်ရင် အသက်ရှုမှုဟာ တဖြည်းဖြည်း နက်နဲလာသလို ‌နှေးလာတယ်။ ပိုပြီးလည်း အေးချမ်းလာသလို ငြိမ်လာတယ်။ (ဘာသာပြန်သူ မှတ်ချက်။ နက်နဲတယ် deep ဆိုတာ အသက်ကို ဖြည်းဖြည်းနဲ့ ဝ ဝ ရှုခြင်းကို ဆိုလိုပါတယ်။ ပြင်းပြင်း ရှုခြင်း မဟုတ်ပါ။ ) အဲဒီလို အကြိမ်ကြိမ် ရှုလို့ အားရပြီ ဆိုရင် နောက်တဆင့်တက် လို့ ရပါပြီ။ . နောက်တဆင့်ကတော့ "လျှော့ချ၊ သက်သာ" အဆင့် ပါ။ ‌လျှော့ချ တယ် ဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ထဲက တင်းကြပ်မှုတွေကို လျော့ချ လိုက်ခြင်းပါ။ ငြိမ်းချမ်းမှုကို ကိုယ်တွင်းကို ဖိတ်ခေါ် လိုက်တာပါ။ အကယ်၍များ စိတ်ထဲမှာ ပြင်းထန်တဲ့ စိတ်ခံစားချက် တခုခု ဖြစ်နေရင်လည်း "အသက်ရှုသွင်းတယ်၊ စိတ်ကို လျော့ချလိုက်တယ်။" "အသက်ရှုသွင်းတယ်၊ စိတ်ကို ခံစားမှု လျော့ချလိုက်တယ်။" လို့ စိတ်က ဆိုပေးလို့ရပါတယ်။ အသက်ရှုထုတ်တဲ့အခါ "သက်သာတယ်" ဆိုတာကတော့ မိမိကိုယ်မှာ ‌သက်တောင့်သက်သာ ဖြစ်နေတဲ့ ရုပ်အခြေအနေ၊ စိတ်အခြေအနေကို ပြန်ပြီး သုံးသပ်တဲ့သ‌ဘောပါ။ အဲလို သက်သက်သာသာ ဖြစ်နေတာကိုလည်း သတိထားမိအောင် ကြိုးစားပါ။ အဲဒီ အဆင့်ကို ကျွမ်းကျင်သွားရင် နောက်တဆင့် တက်နိုင်ပါ။ . နောက်တဆင့်ကတော့ "ပြုံးတယ်၊ လွှတ်ချတယ်" ဆိုပြီး ဝင်လေမှာ ပြုံးမယ်၊ ထွက်လေမှာ လွှတ်ချမယ်။ ပြုံးချင်စိတ် မရှိဘူး ဆိုရင်တောင် ကြိုးစားပြီး ပြုံးကြည့်ပါ။ ပြုံးလိုက်တဲ့အခါ ပျော်တဲ့ဓာတ်၊ ငြိမ်းအေးတဲ့ဓာတ်တွေ အလိုလိုရောက်လာပြီး တင်းမာနေတာတွေ လျော့ကျသွားတယ်။ ထွက်လေနဲ့ အတူ "လွှတ်ချတယ်" လို့ ရေရွတ်ရင်း ပူပန်စရာတွေ၊ စိုးရိမ်စရာ၊ ကြောက်စရာ၊ ဒေါသတွေ၊ အတွေးတွေ ကို လွှတ်ချလိုက်ပါ။ . နောက်ဆုံးအဆင့်က "ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" ပါ။ "အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ တည့်အောင်နေတယ်။ အသက်ရှုထုတ်တယ်၊ ဒီအချိန် အံဖွယ်အချိန် ပါလား။" ဆိုပြီး အသက်ရှုသွင်းတိုင်း၊ ရှုထုတ်တိုင်းမှာ အခုလက်ရှိအချိန်ဟာ ကိုယ့်အတွက် အံဖွယ်ကာလ တခုပါလား ဆိုတာ သိနေ အောင် ကြိုးစားပါ။ ဗုဒ္ဓ ပြောခဲ့တဲ့ "ဘဝဆိုတာ လက်ရှိအချိန်ပါ" ဆိုတာ ကို မှတ်မိတယ် မဟုတ်လား။ ဒါကြောင့် ဘဝကို သိနိုင်ဖို့ လက်ရှိအချိန် ပစ္စုပ္ပန် ကို ပြန်ပြန်လာရပါတယ်။ . ကျနော်တို့ရဲ့ အသက်ရှုနေမှု (ဝင်လေထွက်လေ) တွေဟာ ကိုယ်နဲ့ စိတ်ကို ဆက်ပေးထားတဲ့ တံတားတွေနဲ့ တူပါတယ်။ နေ့စဥ်ဘဝေတွမှာ ကျနော်တို့ ကိုယ်နဲ့ စိတ်ဟာ တနေရာစီမှာ ရှိနေတတ်ပါတယ်။ ကိုယ်က ဒီနေရာမှာ ဆိုပေမဲ့ စိတ်ကတော့ အတိတ်နဲ့ အနာဂတ် မှာ ရောက်နေမယ်။ ဒါကို စိတ်လွှင့်တယ်လို့ ဆိုကြတယ်။ ကျနော်တို့ သတိရှိရှိနဲ့ ဝင်လေထွက်လေ ရှုတဲ့အခါ ခန္ဓာကိုယ်ဟာ စိတ်ဆီ ပြန်သွားသလို စိတ်ဟာလည်း ကိုယ်ဆီကို ပြန်လာပါတယ်။ လူနဲ့ စိတ်နဲ့ ကပ်သွားတဲ့ သဘောပေါ့။ . အဲဒီအချိန်မှာ ခင်ဗျားဟာ လက်ရှိနေရာနဲ့ လက်ရှိအချိန်မှာ ဘဝကို ပြည့်ပြည့်ဝဝ နေထိုင်လိုက်ရတာပါလား လို့ သဘောပေါက်လာ လိမ့်မယ်။ ဘဝကို နက်နက်ရှိုင်းရှိုင်း ထိတွေ့နိုင်တဲ့ အနေအထားမှာ ရှိလာပါတယ်။ ဒီလို အနေအထား ရောက်ဖို့ မခက်လှပါဘူး။ လူတိုင်း ကျင့်ရင် ဖြစ်နိုင်ပါတယ်။ . (ဆက်ရန်) အပိုင်း(၇) - https://www.facebook.com/akmoe2001/posts/2979152625681888 အပိုင်း(၉) - https://www.facebook.com/akmoe2001/posts/298137329879 --- Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message

21. juni 2022 - 4 min
Enkelt å finne frem nye favoritter og lett å navigere seg gjennom innholdet i appen
Enkelt å finne frem nye favoritter og lett å navigere seg gjennom innholdet i appen
Liker at det er både Podcaster (godt utvalg) og lydbøker i samme app, pluss at man kan holde Podcaster og lydbøker atskilt i biblioteket.
Bra app. Oversiktlig og ryddig. MYE bra innhold⭐️⭐️⭐️

Velg abonnementet ditt

Mest populær

Tidsbegrenset tilbud

Premium

20 timer lydbøker

  • Eksklusive podkaster

  • Ingen annonser i Podimo shows

  • Avslutt når som helst

2 Måneder for 19 kr
Deretter 99 kr / Måned

Kom i gang

Premium Plus

100 timer lydbøker

  • Eksklusive podkaster

  • Ingen annonser i Podimo shows

  • Avslutt når som helst

Prøv gratis i 14 dager
Deretter 169 kr / måned

Prøv gratis

Bare på Podimo

Populære lydbøker

Kom i gang

2 Måneder for 19 kr. Deretter 99 kr / Måned. Avslutt når som helst.